Chapter (27)

756 98 7
                                    


Step father
______________

" မှတ်ဉာဏ်တွေဖျောက်ဖျက်ဖို့ အတွက်ဆိုအချိန်ယူမှရမယ် ဆေးက Side effects (ဘေးထွက်ဆိုးကျိုး) များလွန်းလို့ "

နမ်ဂျွန်း က Jk ပြောသမျှကို မြေဝယ်မကျနားထောင်ရင်း ကုတင်ပေါ်တွင် သတိမေ့နေဆဲဖြစ်သော ဆော့ဂျင်ကို ငဲ့ကြည့်မိသည်..။

"အဲ့ဆေးသုံးလိုက်ရင် Hyung က အကုန်လုံးကိုမေ့သွားမှာလား.."

"အင်း အမှန်ပဲလေ မင်းပဲ ဒီလူကိုစိတ်သစ်လူသစ်နဲ့လိုချင်တာဆို လူကတော့ တစ်ခြားသူတစ်ယောက်လို ဖြစ်သွားပြီ အသိစိတ်ကိုတော့ ဘယ်လိုဆက်လုပ်ချင်လဲ..? "

Jk က နှလုံးသားမရှိသလို ထိထိမိမိကို ပြောချလာသည်..။ အသက်ရှူဖို့ နှာခေါင်းပေါက်လေးသာ ဖော်ထားပြီး မျက်နှာတစ်ခုလုံး ပတ်တီးဖွေးဖွေးတို့နှင့် စည်းနှောင်ခြင်း ခံထားရသော ကင်မ်ဆော့ဂျင်..။ ထိုပတ်တီးစအောက်တွက် အခြားမျက်နှာတစ်ခုက အစားထိုးကာ ရောက်ရှိနေလိမ့်မည်..။

တောင်းပန်ပါတယ် hyung ရယ်..။

//အိုမားလက်ထပ်ဖူးတဲ့ ကင်မ်ဆော့ဂျင် က လွဲရင် ကြိုက်တဲ့သူကို ယူလို့ရတယ်// ဆိုတဲ့ စကားကို အကောင်အထည် ဖော်ဖို့က ဒီနည်းလမ်းပဲ ရှိတော့တာလေ..။ ဆေးအကူအညီနဲ့ မှတ်ဉာဏ်တွေကိုသာ တစ်ဖြည်းဖြည်း တိမ်းပါးအောင် လုပ်လိုက်ရင်း အရာအားလုံးပြီးပြည့်စုံသွားပြီ မဟုတ်လား..?

ပွေရှုပ်လွန်းတဲ့ ကင်ဆော့ဂျင်ဘဝ ကို မေ့လိုက်ပါ..။ အိုဂျောင်မီ နဲ့ လက်ထပ်ဖူးတာကို ေမ့လိုက်ပါ..။ ဟာဂျူယောင်းက Hyung ကြောင့် သေသွားရတယ် ဆိုတဲ့အတိတ်ကာလတွေကို မေ့ဖျောက်လိုက်ပါ..။

မျက်နှာပြောင်းသွားသော်လည်း သူဟာ ကျွန်တော်ရဲ့ Hyung သာ..။မှတ်ဉာဏ်တွေ မေ့သွားသော်လည်း ထိုသူက ကျွန်တော့်ရဲ့ ချစ်ရသူ ဖြစ်နေဦးမှာပင်..။ ခုလိုတဇွတ်ထိုးစိတ်နဲ့ လုပ်ခဲ့မိလို့ တောင်းပန်ပါတယ် ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး ကျွန်တော့်အနားမှာ ေနပြီး နေ့စဥ်ရက်ဆက် အပြစ်တင်နေပါ..။

" ေဘးထွက်ဆိုးကျိုး က တော်တော်ပြင်းထန်မဲ့ပုံပဲ "

Jk က ပင်ပန်းနေပုံဖြင့် Sofa မှာမှေးမှီရင်း ထိုင်နေကာ မျက်လုံးမှိတ်ရင့်နှင့်ပင် ပြန်ဖြေလာသည်..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now