Chapter (18)

835 104 5
                                    

Stepfather
-----------------

မြို့ပြက နောက်မှာ တစ်ရိပ်ရိပ်နှင့် ကျန်ရစ်ခဲ့ပေသည်..။ရာသီဥတု သိပ်မဆိုးတာမို့ ကားခေါင်မိုးကို ဖွင့်ချလိုက်တယ်..။ လေအသော့မှာ ပုံသွင်းထားတဲ့ဆံနွယ်တွေက ပွယောင်းယောင်းဖြစ်ကုန်သည်..။ ဘေးနားက ကြောင်ဖြူလေးကတော့ အခုထိအိပ်မော ကျနေဆဲပင်..။ နှစ်နာရီခန့် ကားမောင်းပြီးချိန်မှာတော့ လူက အနည်းငယ်နုံးချိလို့လာသည်..။ လမ်းဘေးစားသောက်ဆိုင် ရှေ့မှာ ကားကိုရပ်ချလိုက်ပြီး ...

"ယွန်းဂီ..ကလေး အပေါ့မသွားချင်ဘူးလား..? အဲ့လိုခွေခေါက် မနေနဲ့လေ "

သို့ပေမဲ့ စကားမေးတောင် ပြန်မရပဲ ပြန်အိပ်သွားတာမို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပြီး ဒယ်ဂူသို့ ခရီးဆက်ရန် ပြင်လိုက်သည်..။ ပြောတော့ တစ်ယောက်တစ်လှည့် ကားမောင်းမယ်ဆို ခုတော့ အိပ်နေလိုက်တာ သေလူအတိုင်းပဲ..။

" ယွန်းဂီ ထတော့ ဒယ်ဂူ ရောက်နေပြီ "

ဒီတစ်ခါလည်း တစ်ဖက်သို့လှည့်ကာ ထပ်အိပ်သွားတာကြောင့် ပုခုံးပေါ်ထမ်း တင်လိုက်ရတော့တယ်..။ ဒယ်ဂူစျေးထဲမှာမို့ လူအများက သူ့ကိုအထူးအဆန်းလို ကြည့်နေသည်..။ တော့ပိုကီဆိုင်ထဲ တန်းတန်းမတ်မတ် ဝင်သွားပြီး..

"အိုမား..ကျွန်တော်နားရက်ရလို့ ပြန်လာတာ "

နေ့ခင်းဘက်မို့ လူသိပ်မရှိသော်လည်း သူတို့ဖြစ်အင်က အိုမားတင်မကပဲ တစ်စျေးလုံး မျက်လုံးပြူးဖို့ လုံလောက်နေပြီ..။ ထိုအချိန်မှ ပုခုံးပေါ်က ကြောင်ဖြူလေးမှာ အိပ်မှုန်စုန့်မွှားနဲ့ ခေါင်းထောင်လာပြီး ယောင်ဝါးဝါးနဲ့ ရေရွတ်တယ်..။

"အဆော့ ဒီနေရာက တအားဆူတယ် "

" သား ပုခုံးပေါ်က ကောင်လေးက ဘယ်သူလဲ..? "

ထိုအသံကြောင့် ယွန်းဂီခေါင်းထဲ ဒိန်းခနဲမြည်ကာ မျက်လုံးမှေးမှေးလေးကို အတင်းပြူးကြည့်မိတယ်..။ လူအများက သူ့ကိုဝိုင်းကြည့်နေတာမို့ မျက်လုံးမှိတ်ကာ ပြန်ပြီးအိပ်ချင်ယောင်ဆောင် လိုက်မိတယ်..။အားး..!!!ဘယ်ကိုခေါ်လာလဲ မသိဘူး..၊ခရီးသွားမယ်ဆိုလို့ လိုက်ခဲ့တာပဲရှိတာ..။ ခုတော့ သူ့အမေရှိတဲ့ ဒယ်ဂူကို ခေါ်လာခဲ့တာတဲ့..။  ဆိုင်းမဆင့်ဗုံမဆင့် ကြီးကွာ..

"Stepfather" [[ COMPLETED ]]✔Onde histórias criam vida. Descubra agora