Chapter(6)

877 97 1
                                    

Stepfather
***********

"သား  တခါတည်း ထမင်းဝင်စားလေ "

နားထဲဝင်လာတဲ့ အိုမားအသံကြောင့် နမ်ဂျွန်း သက်ပြင်းကို မသိမသာချရင်း ထမင်းဝိုင်းဆီသို့ဦးတည်လိုက်သည်..။

"ထိုင်"

"ကျွန်တော် ဗိုက်သိပ်မဆာဘူး အိုမားရဲ့"

"နည်းနည်းတော့ စားပါ ဂျွန်း ရဲ့..မိသားစု ထမင်းဝိုင်းပဲဟာကို. . .  "

မိသားစု ထမင်းဝိုင်းတဲ့လား??မိမိရှေ့မှာ အပြုံးတဝင့်ဝင့်နဲ့ စကားပြောနေတဲ့ ထိုလူသားကြောင့် နမ်ဂျွန်း မျက်နှာက ပိုမို မဲ့ကျသွားကာ တူနှစ်ချောင်းကို ကျင်လည်စွာ ကိုင်တွယ်ရင်း. . .

"ဟုတ်   ဆာသလောက် စားလိုက်မယ်လေ "

အိုမား ထမင်းပန်းကန်ထဲ ဝက်သားတစ်ဖက်ကို ထည့်ပေးပြီး ထမင်းစားရန်ပြင်လိုက်သော်လည်း စီကခနဲဝင်လာတဲ့ အသံစူးစူးကြောင့် နမ်ဂျွန်း လက်တောင် တုန်တက်သွားသည်..။  ဒါက ဘာအခြေအနေကြီးလဲ..?

"Hyung ကိုရော ဟင်းမထည့်ပေးချင်ဘူးလား..?ဂျွန်း ကHyung ကို ခုထက်ထိ အသိအမှတ် မပြုသေးဘူးလားဟင်!! "

မျက်နှာငယ်လေးနှင့် ဆော့ဂျင် ပုံစံက သနားစရာကောင်းလွန်းမှာ မလွဲပေ ၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မယားပါသားရဲ့ အသိအမှတ်ပြုခြင်းကို စောင့်ဆိုင်းနေသော သူ့ပုံစံက အော်စကာ ဝင်လောက်သည်လေ..။

အိုဂျောင်မီ မှာ ရုတ်တရက်ကြီး မို့ ဘာဝင်ပြောရမှန်းမသိ ဖြစ်နေကာ နမ်ဂျွန်း မှာတော့ အကဲပိုနေသော Daddy ငယ်ကို ကြည့်ရင်း ရင်ဘတ်က တဒိန်းဒိန်း တုန်ယင်လာသည်။

"Hyung ကလေ. . . . "

ဆော့ဂျင် စကားတောင်မဆုံးလိုက် ၊နမ်ဂျွန်း ထမင်းဝိုင်းမှ ထရပ်ကာ. . . .

"ကျွန်တော် တကယ်ဗိုက်မဆာလို့ ၊ ခဏနေမှပဲ စားတော့မယ် "

လှစ်လှစ်ပါအောင်ပြေးသော ခြေလှမ်းတို့သည် အပေါ်ထပ် ဝရန်တာ ဆီသို့ ဦးတည်၏..။ လေညှင်းများ သုတ်ခနဲဖြတ်တိုက်သွားသော်လည်း တစ်ကိုယ်လုံး မီးတောက်တစ်ခုလို ပူလောင်လျက်ရှိသည်..။ အကင်းမသေသေးသော ရင်ဘတ်ကို ဖိကိုင်ရင်း ခပ်တိုးတိုး ချော့မြူလိုက်ရသည်..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now