Chapter (3)

1K 101 0
                                    


Stepfather
*************

"ဒေါက်..ဒေါက်.."

"သား..."

ခပ်သွက်သွက် တံခါးခေါက်သံနှင့်အတူ သားဟူသောနာမ်စားကြောင့်  ကျဆင်းခါနီးမျက်ရည်များကို ကပျာကယာ သုတ်လိုက်မိတယ်..။ ကျွန်တော် အိုမား ရှေ့မှာ ငိုလို့မဖြစ်ဘူး..။

"သား..နမ်ဂျွန်း "

"Nae..ကျွန်တော် တံခါးလော့ မချထားဘူး  အိုမား..."

သူ့စကားသံအဆုံးမှာ အခန်းထဲဝင်လာသော အိုမားကြောင့် အလျင်အမြန်ပြုံးပြလိုက်ရသည်..။

"အိုမားကလည်း ဧည့်သည်ရှိတာကို ဘာလို့ကျွန်တော့် နောက်က လိုက်လာတာလဲ..? "

အိုဂျောင်မီ မှာ သက်ပြင်းဖွဖွချကာ သားဖြစ်သူဘေး ဝင်ထိုင်ရင်း..

"အိုမားကို နားလည်ပေးပါ.."

နမ်ဂျွန်း  ခေါင်းငုံ့လျှက်ပင် ထောက်ခံသမှုပြုလိုက်သည်..။ နားလည်ပေးရမှာပေါ့..ကျွန်တော် အလယ်တန်းကတည်းက မုဆိုးမ ဖြစ်ခဲ့တဲ့ အိုမားကို ဒီသားကနားမလည်ပေးရင် ဘယ်သူက နားလည်ပေးမှာလဲ..?

"ကျွန်တော်  Daddy အာ.. ကင်မ်ဆော့ဂျင် မဟုတ်သေးဘူး..သူ့ကိုဘယ်လိုခေါ်ရမလဲ..?"

တကယ်ပင်စိတ်ရှုပ်သွားကာ အကြောင်းမဲ့ ခေါင်းကိုသာ ကုတ်နေမိသည်။ ထိုစဥ်..ခပ်မြူးမြူးထွက်လာတဲ့ စကားသံကဆယ်ကျော်သက်လေးလို သွက်သွက်လက်လက်..

"Hyung လို့ခေါ်လေ"

"ဟင်   "

အိုမားရော ကျွန်တော် ရော အသံလာရာကြည့်လိုက်တော့ ထိုလူသားက တံခါးစွန်းမှာ ပျင်းတွဲတွဲမှီနေရင်း မျက်စိတစ်ဖက်မှိတ်ပြလာသည်..။ ဒါ ဘာအပြုအမူကြီးလဲ..?

"နမ်ဂျွန်းက Hyung ကို အမြင်မကြည်ဘူးထင်တယ် "

တစ်လှမ်းချင်း လျှောက်လာကာ အိုမားဘေး ဝင်ထိုင်လိုက်တဲ့ ထိုလူသား..၊ ဘယ်သူ့ခွင့်ပြုချက်နဲ့များ သူများအခန်းထဲကို ပိုင်စိုးပိုင်နင်း ဝင်လာရသလဲ..?ကျွန်တော်ကသာ အသံတိတ် ပေါက်ကွဲနေပေမယ့် အိုမားကတော့ ပြုံးရယ်နေကာ. . . .

"မောင် က ပျော်တတ်တယ်သားရဲ့၊ မကြာခင် နှစ်ယောက်သား ရင်းနှီးသွားမှာပါ.. "

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now