Chapter (8)

805 104 0
                                    

Stepfather
***********

"ဂျွန်း  ခဏနေပါဦး Hyung ကိုစောင့်ပါဦး"

လှေကားပေါ်မှ အပြေးတစ်ပိုင်း ဆင်းလာတယ့် Daddy ငယ်ကြောင့် လှမ်းလက်စခြေ လှမ်းတို့က တုံ့ခနဲရပ်သည်..။ ထိုလူသားက မူပိုင်အပြုံးလေးနှင့် ကြည့်လာပြီး. . .

"Hyung လေ လမ်းကြုံလိုက်ချင်လို့ "

စကားနဲ့မပြောဘဲ နမ်ဂျွန်း မျက်ခုံးတွေက အနည်းငယ် မြင့်တက်သွားသည် ။ အပြင်သွားမယ့် ပုံစံကလည်း ဘာStyle ကြီးလဲ..?သို့ပေမယ့် ဘာမှမဖြစ်သလိုနှင့်. . .

"လမ်းမကြုံဘူး ဆိုရင်ရော. . ."

နှုတ်ခမ်းပါးတို့က ပြုံးနေသော်လည်း ဆော့ဂျင် စိတ်ထဲမှာတော့ ဒီငနာကောင်လေးကို အ​​သေသတ်ပစ်ချင်နေပြီ၊ မကြုံရင်လဲ ငါက ကြံုအောင်လုပ်မှာမလို့. . .

"ကြုံမှာပါ Hyung က ဟိုဆော့ ဆီကို သွားမလို့လေ ဂျွန်း အလုပ်က အဲ့ဘက်မှာဆို "

"ကျွန်တော် ဘာအလုပ်လုပ်လဲ သိတယ်မလား "

"မ. . ပြောတာတော့ Club ဖွင့်ထားတယ်ဆို ၊ ဟိုအဖြူကောင်လေးနဲ့ စပ်တူဖွင့်ထားတာလို့ ပြောတယ်. . "

နမ်ဂျွန်း ခပ်ပါးပါး ပြုံးလိုက်ပေမဲ့ ပေါ်လာတဲ့ ပါးချိုင့်ရေးရေးလေးကိုတော့ ဆော့ဂျင် ငေးမိပြန်သည်..။ ဒီ စိတ္တဇကောင် မှာ ငါကြိုက်တာဆိုလို့ အဲ့ပါးချိုင့်တွေပဲ ရှိတယ်. . ။

"ကောင်းပြီ တက် လမ်းမကြုံပေမယ့် အိုမားမျက်နှာကြောင့် လိုက်ပို့ပေးလိုက်မယ် ၊
တကယ်တော့ ကျွန်တော်က ပန်းချီပြခန်းသွားမှာ "

ဆော့ဂျင် က အားနာသလို ခပ်ရွံ့ရွံပြုံးရင်း ကားမောင်းသူဘေးမှာ ဝင်ထိုင်လိုက်သည်။

"Sorry နော် Hyung ကြောင့် အလုပ်များရပြီ "

ကိုယ်က အလျော့ပေးနေသလောက်
မယားပါသားလေးက ဒီနေ့မှ အကြောတင်းလွန်းနေကာ. . .

"မလိုပါဘူး  ကျွန်တော့် Daddy ငယ်ပဲ ဂရုစိုက်ပေးရမှာပေါ့  ဒါပေမဲ့ အိုမားအပေါ် သစ္စာဖောက်ရင်တော့ ကျွန်တော်က ညှာမှာမဟုတ်ဘူးနော် "

"ဟင်! ! !"

ဆော့ဂျင် ရင်ထဲ ကတုန်ကယင် ဖြစ်ကာ ကားမောင်းနေသူအား အနည်းငယ် စောင်းကြည့်မိသည်..။ ဘာလဲဟ!ဒီကောင်က ငါ့ကိုသတိထားနေ စောင့်ကြည့် နေတယ်လို့ပြောလိုက်သလိုပဲ ၊ အဟက်. . .မဖြစ်နိုင်တာ ငါ့အကြောင်းတွေ သူမသိနိုင်ပါဘူး. . .၊ ထားလိုက် ရောယောင်မယ်. . . ။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now