Chapter (10)

990 108 6
                                    


Stepfather
************

"ကင်မ်နမ်ဂျွန်း "

"ကင်မ်နမ်ဂျွန်း "

"ကင်မ်နမ်ဂျွန်း "

ထိုနာမ်စားကိုသာ ပါးစပ်မှ တတွတ်တွတ်မြည်တမ်းရင်း မီးဖိုချောင်ထဲ မှာ အလုပ်ရှုပ်နေတဲ့ ဆော့ဂျင်... ။ နေ့လည်တုန်းက ပန်းချီကားက ကျိန်းသေ သူနဲ့ပက်သတ်မှုရှိရမယ်. . .။

ရွှေရောင်အိုးလေးထဲကို ခေါက်ဆွဲတွေထည့်လိုက် အသားတွေထည့်လိုက်နှင့် အလုပ်ရှုပ်နေကာ ရံဖန်ရံခါ သက်ပြင်းမောကို မှုတ်ထုတ်လိုက်သေးသည်..။

"အရသာရှိလိုက်မယ့် ဖြစ်ခြင်း. . .ဟိ"

ပုစွန်တုပ်ကြီးများကိုကြည့်ရင်း လျှာကို တစ်ချက်သပ်သည် ၊ ရေခဲသေတ္တာထဲမှ ကင်ချီပန်းကန်ကို အသာထုတ်ပြီး.   .  .

"Wow. . .ဒီလိုညလည်စာမျိုးကို နေ့တိုင်းစားနေရရင် ငါတော့ကျိန်းသေ Weight တက်တော့မှာ. . ."

"Weight မတတ်ချင်ရင် ကျွန်တော့် ကိုတစ်ဝက်ကျွေးလိုက်လေ ဘာခက်တာမှတ်လို့. . ."

လန့်တယ်. .
သေလောက်အောင် လန့်သွားတယ်..
ပါးစပ်ကအော်ဖို့မေ့ပြီး လန့်သွားတယ်လို့ပြောရင်ဘယ်သူမှယုံနိုင်မှာ မဟုတ်ဘူး ။

"Daddy ငယ် ကျွန်တော့်အသံကို မကြားဘူးလို့တော့ မပြောနဲ့နော် "

ကိုယ့်ကိုကျောပေးထားတဲ့ ထိုလူသားကိုကြည့်ပြီး နမ်ဂျွန်း မျက်နှာက ပြုံးစိစိ ပင်ဖြစ်လာသည်..။

ဆော့ဂျင် မှာ အငွေ့တထောင်းထောင်း ထနေတဲ့ ရွှေရောင်အိုးလေးကို ကြည့်ပြီး စိတ်အချဥ်ပေါက်လာသည်..။ တစ်ယောက်တည်း စားရင်တောင် မဝပါဘူးဆိုနေမှ ၊ သို့ပေမဲ့ ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး. . . .

"အာ. . .ဂျွန်း လည်း ညဘက်ကြီး ဗိုက်ဆာလာလို့လား..?လာလေ Hyung နဲ့အတူ ခေါက်ဆွဲ​ ပြုတ်စားရအောင် "

ကိုယ်ကလူမှုရေးအရ ခေါ်လိုက်ပေမဲ့ ထိုစိတ္တဇကောင်ကတော့ သူ့ရှေ့မှာပင် ဇိုးဇိုးဇက်ဇက် ဝင်ထိုင်လာပြီး. . .

"တကယ် ကျွန်တော်နဲ့အတူ ခေါက်ဆွဲပြုတ်စားချင်တာလား?"

(ခေါက်ဆဲွဲပြုတ် အတူတူစားရအောင် ဆိုတာ ကိုရီးယားလိုဆိုရင် ငါနဲ့အတူအိပ်ချင်လား ဆိုတဲ့ အဓိပ္ပာယ်. . .)

"Stepfather" [[ COMPLETED ]]✔Место, где живут истории. Откройте их для себя