Chapter (33)

506 57 1
                                    

Stepfather
____________

" ပစ္စည်းလေးတွေ ဒီဘက်ချပေးပါ Nae Nae သတိထားဦး အထဲမှာ ဖန်ပုလင်းတွေပါလို့ "

"အဲ့ဒါလေးကိုတော့ ဟိုထောင့်မှာပဲ ထားပေး "

မီးဖိုချောင်တွင် မဟုတ်က ဟုတ်က ဟင်းလျာတွေကို ချက်နေသော နမ်ဂျွန်းမှာ အိမ်ရှေ့ကို ခေါင်းပြူပြီး ချောင်းကြည့်လိုက်တယ်..။ Delivery သမားတွေကြားမှာ အလုပ်ရှုပ်နေသော Hyung ကို မြင်လိုက်ရသည်..။ အိမ်နေရင်း တီရှပ်အကျင်္ ီ အပွကြီး နဲ့ စတိုင်ပန့်အတိုကို ဝတ်ထားသော်လည်း ထိုလူသားက ဘယ်လိုနေနေ ကြည့်လို့ကောင်းနေပြန်တယ်..။

" တကယ် ဆေးဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်တာပေါ့ "

ဟိုတစ်နေ့က Hyung ပြောတယ်လေ ။ အိုမားဆီက လျော်ကြေးရတဲ့ ပစ္စည်းတွေကို ဟာဂျူယောင်းနာမည်နဲ့ တစ်ဝတ်လှူလိုက်သလို နောက်တစ်ဝတ်ကိုတော့ Hyung ကြီးပြင်းရင် မိဘမဲ့ဂေဟာသို့ လှူဒါန်းလိုက်သည်..။

ခု ကင်ဆော့ဂျင် သုံးဖြုန်းနေသော ပိုက်ဆံတို့သည် နမ်ဂျွန်း လွဲပေးထားသော ပိုင်ဆိုင်မှုများသာ..။

" ဟင်း တူး နံ့ရတယ် ကင်နမ်ဂျွန်း မီးဖိုချောင်ထဲမနေပဲ ဘယ်သွားသေနေတာလဲ..? "

"အမ်! Sorry ကျွန်တော် အတွေးလွန်နေလို့ "

ရှေ့ နဲ့ နောက် ထိုသို့ အော်ဟစ် ပြောဆိုနေတာက ဒီနေ့မှ မဟုတ်ဘူး..။ နမ်ဂျွန်း မှာ ဟင်းအိုးကို ပလပ်ဖြုတ်ပြီး ရေစိမ်ထားလိုက်ရတယ်..။ တစ်အိမ်လုံး ဟင်းတူးနံ့ဟာ မိုးမွှန်လို့ကိုနေရော..။

" ဘာချောင်းကြည့်နေတာလဲ မင်း အသုံးကျတဲ့နေရာ တစ်နေရာမှ မရှိဘူး "

မာန်မဲသံကို နမ်ဂျွန်းက အပြုံးလေးနဲ့ အနိုင်ယူရင်း..

"တစ်နေရာတော့ ရှိပါတယ် Hyung ရဲ့ "

"Yar!  မင်း ဘာစကားပြောနေတာလဲ..? "

"တစ်မျိုးမထင်နဲ့လေဗျာ___Hyung အတွေးတွေက 21+ဆန်နေရော "

" မင်း တော်လိုက်တော့နော်!"

Delivery သမားတွေ ရှိနေဆဲမို့ ဆော့ဂျင်မှာ စိတ်လျော့လိုက်ရတယ်..။ မဟုတ်ရင် သူတို့နှစ်ယောက်ရဲ့ သတ်ပွဲက ဒီထက်ပိုကြီးလာတော့မှာ..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now