Chapter (32)

518 62 1
                                    

Stepfather
____________

ဟောင်းနွမ်းနေသော အုတ်ဂူကို ကြည့်ပြီး အိုဂျောင်မီ သက်ပြင်းချတယ်..။ မစ္စတာကင်မ်ကို အသုဘချသည့် နေ့တစ်နေ့သာ ဒီနေရာကို ရောက်ခဲ့ပြီး ဘယ်သောအခါမှ ဒီနေရာကိုမလာခဲ့ပေ..။

ထိုသူသေဆုံးသွားခဲ့ခြင်းက သူမအတွက်တော့ ကြီးမားသော ပျော်ရွှင်မှုတစ်ခုပင်..။ မချစ် မနှစ်သက်သော သူနဲဲ့ နှစ်ပေါင်းများစွာ အောင့်အီးနေခဲ့ပြီးမှ ထိုသူသေဆုံးသွားချိန်မှာတော့ သူမ အရမ်းကို ပျော်ရွှင်ခဲ့ရသည်..။

ခုတော့ သူမ ဒီနေရာသို့ ရောက်လာခဲ့ချေပြီ..။ အုတ်ဂူပေါ် ဘောင်သွင်းထားသော ဓာတ်ပုံငယ်လေးသည် ဆေးသားတို့တောင် လွင့်ပြယ်နေပြီ..။ နမ်းဂျွန်း ၏ ပါးချိုင့်ခွက်များသည် သူ့အဖေဆီက အမွေရထားခြင်း..။

" နမ်ဂျွန်း က ရှင့်နဲ့တအားတူတယ် မစ္စတာကင်မ် သူက လိုချင်တာကို ရအောင်ယူတတ်တာ ရှင့်အတိုင်းပဲ "

ဒီလူသည် သူမအား ချစ်ပါသည်ဆိုသော အကြောင်းပြချက်နဲ့ အတင်းအကြပ် ဖျက်ဆီးပြီး ယူခဲ့သည်..။ ရွှေဘုံပေါ် စံစားနေရသော်လည်း သူမအတွက်တော့ မစ္စတာကင်မ်နဲ့ အတူရှိနေရခြင်းက ငရဲကျနေတာနဲ့တူသည်..။

" နမ်ဂျွန်း က ကင်ဆော့ဂျင်ကို တအားချစ်ပုံပဲ ရှင့်လိုမျိုး အချစ်ကြီးတယ့်ကောင်လေး "

သူမ က စကားစမြည်း ပြောနေသလိုမျိုး အေးအေးလူလူနှင့် ဆက်ပြောနေသည်..။

" ရှင့်သား လုပ်နေတဲ့ကိစ္စတွေကို မသိချင်ယောင်ဆောင် ပေးလိုက်တယ် ကျွန်မ တော်တယ်လို့ ရှင်မထင်ဘူးလား..? "

လေ​ေပြညင်းက သုတ်ခနဲ ဖြတ်တိုက်သွားတယ်..။ ရွှေအိုရောင် လှိုင်းတွန့်ဆံပင်များက လေအသော့တွင် ယိမ်းပါးသွားခဲ့ပြီး အိုဂျောင်မီ က ဆံစများကို နားနောက်သို့ ပို့လိုက်ကာ အုတ်ဂူပေါ်က ဓာတ်ပုံလေးအား ခပ်ဖွဖွ ထိကိုင်ကြည့်သည်..။

" ကျေးဇူးတင်ပါတယ် ရှင့်ကိုမချစ်တဲ့ကျွန်မကို အများကြီး ချစ်ပေးခဲ့လို့.."

..



" ပင်ပန်းလို့ သေရပါတော့မယ် "

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now