Chapter (4)

918 106 0
                                    


Stepfather
***********

" မိသားစု ဓာတ်ပုံရိုက်မယ်လေ "

ဘယ်သူ ထအော်လိုက်လဲ မသိပေမယ့် နမ်ဂျွန်း မျက်နှာကရွှံ့တွသွားတာ အသိသာကြီးပင်။ မြို့နယ်တရားရုံးမှာ လက်မှတ်ထိုးအပြီး အိမ်မှာဧ ည့်ခံပွဲလုပ်နေ ခြင်းဖြစ်သည်။

အိမ်နီးနားချင်းများက တကယ်ပဲ ဒီပွဲကိုလာချင်စိတ်ရှိတာလား..? ယောကျာ်းငယ်ငယ်လေးယူလိုက်တဲ့ သတင်းကို လာအတည်ပြုတာလား မသဲကွဲတော့.. သေချာတာကတော့ ဒုတိယအချက်သာ ဖြစ်ဖို့များသည်။ ခုတော့ ခြံရှေ့ မြက်ခင်းပြင်ပေါ်မှာ လူစည်နေတာတော့ အမှန်ပင်..။

"နမ်ဂျွန်း  ဟိုမှာဓာတ်ပုံရိုက်ဖို့ ခေါ်နေတယ်"

ကိုယ့်ပုခုံးကိုလာဆုပ်ညစ်ရင်း စကားဆိုလာသော ယွန်းဂီ ၊ ပါးစပ်လှုပ်ရုံပြောသွားတာက. . .  "မင်းမျက်နှာ အဲ့လောက်ကြီး ပျက်မနေနဲ့"တဲ့ ၊ ဪ. . . ကိုယ့်​မျက်နှာက အာ့လောက်ကြီး သိသာနေပြီလား..?

"သား. . . . လာလေ"

"Nae..."

အိုးမား ဘေးမှာဝင်ရပ်လိုက်တော့ ထိုလူသားက ဟိုဘက်ကို အနည်းငယ်တိုးပေးသည်..။ နမ်ဂျွန်း မသိကျိုးကျွံပြုရင်း မျက်နှာကို အတက်နိုင်ဆုံး ပြုံးထားမိသည်..။ခင်ဗျားတို့သိတဲ့အတိုင်း ဟန်ဆောင်ပြီး ပြုံးရတာ သိပ်ခက်ခဲတယ်ဆိုတာ..

"ဘာလဲဟ. .!လုပ်ပြုံးကြီးမှန်းသိသာလွန်းတယ် "

ဆော့ဂျင်  မှာ ထိုသို့ခပ်ကြိတ်ကြိတ် ရေရွတ်ပြီး အကြည့်တွေ လွှဲပစ်လိုက်သည်..။ ကိုယ်က သူနဲ့ရင်းနှီးအောင်လုပ်ပြီး သူ့အမေကို အပျော့ဆွဲ ဆွဲမို့ဟာကို..ဒီစိတ္တဇကောင်က ထင်သလောက် မလွယ်ဘူးပဲ. . . ၊ အဟက်. . . ငါကလည်း အဲ့လိုအကြောတင်းတွေကိုမှ သဘောကျတာ ၊ သိပ်ပျော့ညံ့လွန်းရင် ပျော်စရာ မကောင်းတော့ဘူးလေ အဟွန်း။

အတွေးများကို ပုံဖော်ရင်း စိတ်လွတ်လက်လွတ် ပြုံးလိုက်မိသည်..။ ကင်မရာ မီးရောင်အောက်မှာ ဆော့ဂျင် အပြုံးက အသက်ဝင်နေမှာ အသေအချာ "ကင်မ်ဆော့ဂျင် " ဆိုတာ ထိုလိုလူမျိုး..။

"ကဲ. . . . Postနောက်တမျိုး "

ခုပုံစံက သားနှစ်ယောက်ကို ဘေးမှာထားပြီး အမေနဲ့ ဓာတ်ပုံရိုက်နေသလိုပင် ၊ လူတွေ ပါးစပ်ကသာ ချီးမွမ်းနေကြတာ အကြည့်တွေက ကဲ့ရဲ့နေမှန်း နမ်ဂျွန်းသိသည်..။ ဒါပေမဲ့ အိုမားပျော်နေတာပဲ ၊ ကျွန်တော်ကျေနပ်ရမှာပေါ့လေ.. ။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now