Chapter (26)

785 106 5
                                    


Stepfather
____________

" စီနီယာတော့ အရိုက်ခံရတာ ကျိန်းသေနေပြီ "

" ပေါက်ကရတွေ လျောက်မပြောနဲ့ ထယ်ယောင်းရာ "

" အံမယ် ဘယ်မှာပေါက်ကရ ပြောလို့လဲ မနေ့ကပဲ ဒေါသတကြီးနဲ့ သူ့ကောင်လေးက လာရှာတယ် ဒီနေ့အလုပ်မှာ ခွင့်တင်တယ်ဆိုတော့ မင်းစဥ်းစားကြည့်ပေါ့ ငါတွေးတာ မဖြစ်နိုင်လို့လား..? "

နေ့လည်စာစားနေရင်း ထိုသို့ ပေါက်ပေါက်ဖောက်နေသူက ကင်မ်ထယ်ယောင်းပင်..။ ဂျီမင် ကတော့ ခေါင်းလေး တစ်ဆတ်ဆတ်ငြိမ့်ကာ တွေးတောဟန်ပြုနေသည်..။ RS တွေအကြောင်းကို ဂဃဏန မသိသလို ဝင်လဲမပါချင်ပေ..။ မိမိရည်ရွယ်ချက်က အတော်ဆုံးဆရာဝန် တစ်ယောက်ဖြစ်လာဖို့သာ..။

ထိုကြောင့် စားပြီးသားပန်းကန်လွတ်ကို ကိုင်ကာ ထိုင်ရာမှ ထရပ်လိုက်သည်..။ သူ့အပြုအမူကြောင့် ထယ်ယောင်းမှာ ပြူးတူးပြဲတဲနဲ့..

" Yar...ဂျီမင်ရှီး ငါ့ကိုစောင့်ဦးလေ "

" ငါ့မှာလုပ်စရာတွေ ရှိသေးတယ် မင်းသာ သူများအတွဲအကြောင်း အချိန်အကုန်ခံပြီး ဝေဖန်နေလိုက် "

"ဟာ..! "

ထယ်ယောင်း က ထမင်းနဲ့ဟင်းတွေကို ပါးစပ်ထဲ လျင်လျင်မြန်မြန်ပင် သွတ်သွင်းရင်း ဂျီမင်း နောက်ကို ကြွက်မြှီးတန်းလေးလို အပြေး လိုက်ရတော့သည်..။ သူ့သူငယ်ချင်း အရပ်ပုသလို စိတ်ကလည်းမရှည်တော့ ခက်သား..။





**

Sofa ပေါ်တွင် ဘေးချင်းယှဥ်ထိုင်နေသော်လည်း ဟိုဆော့ရော ယွန်းဂီပါ အတွေးကိုယ်စီနဲ့ နှုတ်ဆိတ်နေကြသည်..။

ထိုအချိန် စားပွဲပေါ်တင်ထားတဲ့ ယွန်းဂီဖုန်းလေး မြည်လာတာကြောင့် အကြည့်တွေက ပြိုင်တူပင် ရောက်ရှိသွားခဲ့ကာ ဖုန်းကိုင်ဖို့အရေး တွန့်ဆုတ်နေမိပြန်တယ်..။ ယွန်းဂီ က ဖုန်းကို တစ်ဖက်သို့် လက်ညှိုးနဲ့တို့ကာ ရွေ့ပေးရင်း..

" အဆော့ကိုင်လိုက်လေ "

တည်တင်းနေသော ဟိုဆော့မျက်နှာက ခုတော့ ပို၍အခြေအနေဆိုးလာခဲ့ပြီး..

" ဘာလို့ကိုင်ရမှာလဲ..? နမ်ဂျွန်းအမေကို အမှန်အတိုင်း ပြောပြလိုက်စေချင်တာလား..? ခင်ဗျားသားက ဆော့ဂျင်ကို ဘာလုပ်လိုက်ကြောင်းဆိုပြီးတော့လေ အဲ့လိုမျိုးဆိုရင်တော့ ကိုယ်ဖုန်းပြောဖို့ အဆင်ပြေတယ်.."

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now