Chapter (30)

568 62 5
                                    

Stepfather
___________

"အဟက်! "

ကားပေါ်က ဆင်းဆင်းချင်း စိတ်မထိန်းနိုင်တော့သည့်အလား ဆော့ဂျင်ရယ်လိုက်မိသည်..။ သူလွတ်မြောက်ပြီထင်သော ဒီအိမ်ကြီးထဲကို နောက်တစ်ကြိမ် ခြေချရဦးမည်..။ ဒီတစ်ခါတွင်တော့ ကင်မ်နမ်ဂျွန်းရဲ့ Daddy ငယ်အနေနဲ့ မဟုတ်ပဲ ကင်မ်နမ်ဂျွန်းရဲ့ ချစ်သူအနေဖြင့်..

"Hyung!  ခဏလေးပဲ သည်းခံပေးပါ ပြီးရင်ကျွန်တော်တို့ နှစ်ယောက် အဝေးမှာပဲ သွားနေကြမယ်နော် "

ဘယ်သူက များ သူနဲ့နေချင်တယ် ပြောနေလို့လဲ..?

နမ်ဂျွန်း အသံက စိုးရိမ်မှုအပြည့်နှင့် ဖြစ်နေတယ်..။ အိုမား ကို ပြောပြပြီးသားပင် ဒီနေ့ကျွန်တော့် ချစ်သူကို အိမ်ကိုခေါ်လာခဲ့မည်ဟု..။ Hyung သာ အိုမားကို မသိချင်ယောင်ဆောင်နေလျှင် ကိစ္စအားလုံးက အေးအေးလူလူ ပြီးစီးသွားမှာ ကျိန်း​သေသည်..။ သို့ပေမဲ့ အကြင်သူရဲ့ နှုတ်ခမ်းအိအိလေးက မဆိုစလောက် ပွင့်ဟလာကာ..

" ငါမင်းကို မုန်းတယ် "

" သိပါတယ် Hyungရယ် "

" ဆက်ပြီး မုန်းသွားဖို့ပဲ ရှိတယ် "

"ရတယ် ကျွန်တော့်ဘေးမှာနေပြီး ကြိုက်သလောက်မုန်း "

ရင်နာစေသော စကားများကို နမ်ဂျွန်း မှာ မျက်နှာမပျက်သွားအောင် အားတင်း၍ နားထောင်နေရသည်..။ Hyung ပေးတဲ့ ချစ်ခြင်း ၊ မုန်းခြင်းများကို ခံနိုင်ရည်ရှိဖို့ သူ အားမွေးထားပါသည်..။

"သား..! "

ကားစက်သံကြောင့် အိုဂျောင်မီ က အိမ်ကြီးထဲက အပြေးတပိုင်း ထွက်လာတယ်..။ သူမက နမ်ဂျွန်းနောက်တွင် ရပ်နေသော ပိန်သွယ်သွယ် ကိုယ်ထည်လေးအား ကြည့်လိုက်ပြီး..

"သူ..သူက ကင်မ်ဆော့ဂျင် မဟုတ်သေးဘူးပါ ဒါပေမဲ့..အရမ်းတူနေ"

နမ်ဂျွန်း မှာ ဆော့ဂျင်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး..

" Omma ဘာတွေပြောနေတာလဲ ဒါက ကျွန်တော်ချစ်သူ "

ထိုစကားကြောင့် ဆော့ဂျင် နှုတ်ခမ်းဖူးဖူးလေးက ပြုံးရိပ်ထင်ကာ အိုဂျောင်မီအား မမှိတ်မသုန် စိုက်ကြည့်လိုက်တယ်..။ သူမက သူ့အား ကြောင်တတ်တတ်နဲ့ ပြန်ကြည့်နေတာမို့ လက်တစ်ဖက်ကို ရှေ့ထုတ်ပြီး မိတ်ဆတ်ရန် ပြင်လိုက်သည်..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now