Chapter (28)

707 105 8
                                    


Step father
____________

တစ်ပတ်ခန့်ကြာသော်

အချိန်တွေဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့တယ်..။ ဒီနေ့တော့ နမ်ဂျွန်း Club ရဲ့ လျှို့ဝှက်ခန်းမှာ အတော်ကလေး လူစည်နေသော်လည်း အားလုံးက တိတ်ဆိတ်နေကာ စကားမပြောကြပေ..။ သူတို့အားလုံးရဲ့ အကြည့်များသည် ကုတင်ပေါ်က ကင်မ်ဆော့ဂျင် ထံ၌သာ ကျောက်ချလျက် ရှိနေသည်..။

အရင်ဆုံး လှုပ်လှုပ်ရှားရှား ဖြစ်လာသူက ဟိုဆော့ ဖြစ်ကာ သူ့အသံက စိတ်မရှည်ခြင်းများနှင့် ခပ်ဆတ်ဆတ်ပင် ထွက်လာသည်..။

" သတိရသင့်​ေနပြီလေ မင်း ဘာဆေးတွေ သုံးထားတာလဲ? "

Jk က အဖြစ်သည်းလိုက်တာ ဆိုတဲ့အကြည့်နဲ့ စောင်းကြည့်လာပြီး ခပ်မဲ့မဲ့ပြုံးသည်..။

" အရမ်းကြီး စိတ်ပူမနေစမ်းပါနဲ့ နမ်ဂျွန်းတောင် မင်းလောက်မဆိုးဘူး မင်းဘေးက သက်ဆိုင်သူကိုလဲ အားနာဦး "

"မင်း! "

ဟိုဆော့က ခုမှ သူ့ဘေးတွင် ရပ်နေသော ကြောင်ဖြူလေး ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်..။ ယွန်းဂီ က သူ နားလည်ပါတယ်ဆိုတဲ့ သဘောနဲ့ ဟိုဆော့လက်ကို ဖျစ်ညှစ်ကာ အားပေးလိုက်တယ်..။

" စိတ်လျော့နော် အဆော့ "

"အင်းပါ "

တစ်ယောက်တည်း အသံမထွက်ပဲ အတွင်းကြေနေသူက နမ်ဂျွန်းပင်..။ ဒီတပတ်လုံး အိပ်ရေးပျက်ခဲ့ရတာကြောင်​့ သူ့နားထဲက လေတိုးသံများလို တစ်ရှဲရှဲမြည်နေပြီး မျက်လုံးအစုံကလည်း နီမြန်းကာ ယောင်ယမ်းလို့ နေချေပြီ..။

သူ့လုပ်ရပ်တွေ မှားယွင်းနေခဲ့ပြီလား..?

" အင့် "

ညည်းညူသံသဲ့သဲ့နှင့် လှုပ်ရှားလာတဲ့ ဆော့ဂျင်ကြောင် သူတို့အားလုံးမှာ ဝမ်းသာအားရ​စြ်ကာ..

"Hyung "

"ဆော့ဂျင် "

" Uncle ကင်မ်ဆော့ဂျင် "

သုံးယောက်စလုံး ဆီက နာမ်စားသုံးမျိုး ထွက်လာတာမို့ Jk က ဟက်ခနဲရယ်လိုက်ပြီး ကုတင်နားသို့ လျှောက်လာသည်..။ ပြီးနောက် မျက်နှာကို လက်လှမ်းရန် ပြင်နေသော ဆော့ဂျင်လက်ကို ဖမ်းကိုင်ထားလိုက်ပြီး..

"Stepfather" [[ COMPLETED ]]✔Tempat cerita menjadi hidup. Temukan sekarang