Chapter (20)

871 106 6
                                    

Stepfather
_____________

" မနေ့ည က ညကြီးအချိန်မတော်မှ ပြန်လာတယ်..ဘယ်တွေသွားပြီး ဘာတွေလုပ်နေတာလဲ..? "

ဒါကတော့ ဆိုင်းမဆင့်ဗုံမဆင့် အိုမားဆီက ထွက်ကျလာသော အမေးဝါကျ ဖြစ်သည်..။ အရင်တုန်းက Club မှာနေပြီး အိမ်ကိုတောင်ပြန်လာချင်မှ ပြန်လာတာ..။ ခုကျမှ စစ်လေးဆေးလားနဲ့ အိုမား ​က ဘာထဖြစ်တာလဲ..? ထိုအတွေးကိုတော့ စိတ်ထဲမှာသာထားလိုက်ရင်း..

"ကျွန်တော် ခုတလော Club မှာပဲနေဖြစ်မယ်ထင်တယ်..ယွန်းဂီ လည်း ကောင်လေးရသွားပြီ ဆိုတော့လေ "

" ယွန်းဂီ ကောင်လေးရတာလား..? မင်း ကောင်လေး ရတာလား..? "

"ဗျာ..! "

" ဘာလို့အဲ့လောက်ထိ လန့်သွားတာလဲ..? "

နမ်ဂျွန်း မှာ ယောင်နနနဲ့ ခေါင်းခါမိတယ်..။ လိပ်ပြာမလုံတာတော့ အမှန်ပဲ..

" ကျွန်တော် ကောင်လေးမရပါဘူး.."

အိုမား က သူ့ကိုပြုံးလျက် ပြန်ကြည့်လာကာ..

" ကင်မ်ဆော့ဂျင်နဲ့ ဘာလို့လမ်းခွဲလိုက်လဲဆိုတာ သားကို ပြောပြပြီးသားနော်..သူကပိုင်းလုံးကောင်..၊ သူ့ပါးစပ်ကထွက်တဲ့ စကားလုံးတိုင်းက အလိမ်အညာတွေ ချည်းပဲ..အိုမား က အချစ်တစ်ခုတည်း ကြည့်ပြီး သူ့ကိုလက်ထပ်ခဲ့တာ..၊ ပြောင်းလဲနိုင်မယ်ထင်လို့ သူ့ကိုလက်ထပ်ခဲ့တာ..ဒါပေမဲ့ သူ့ရဲ့ဦးတည်ချက်က _______"

စကားကို ဆက်မပြောတော့ပဲ အိုဂျောင်မီ က နမ်ဂျွန်း ကိုကြည့်နေသည်..။ သူမ ဆိုလိုရင်းကို သားဖြစ်သူ သဘောပေါက်မယ် ထင်ပါရဲ့..။

"ကျွန်တော် နားလည်ပါတယ် အိုမားကအတွေးမများပါနဲ့..ဟုတ်ပြီလား..? အနားယူလိုက်တော့နော် "

နှုတ်ခမ်းထက် အပြုံးတုတစ်ခု ချိတ်ဆွဲရင်း အိုမားကို ပွေ့ဖက်လိုက်မိတယ်..။ အချစ်ဆိုတဲ့အရာက သူ့အလှည့်ကျမှ အဲ့လောက်တောင်ခက်ခဲရလား..?

" ကင်မ်ဆော့ဂျင် မဟုတ်ရင် ရပြီ.."

တိုးသဲ့စွာ ထွက်လာတဲ့ အိုမားအသံက သူ့အတွက်တော့ မိုးကြိုးပစ်သလို ခေါင်းထဲမှာ အုန်းခနဲပင်..။ ကျောပြင်ကို ဖွဖွပွတ်ပေးပြီး မကြားချင်သော စကားလုံးများက ဆက်လက်၍..

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now