Chapter (13)

945 118 16
                                    


Stepfather..
**********

ဂျောင်ဟိုဆော့ နဲ့ RS ချိတ်သွားသော အချေကောင်ကြီးမှာ အရင်ကလောက်အလုပ်ထဲတွင် စိတ်ဝင်စားမှု မရှိတော့တာအမှန်ပင်..၊ အရင်ကဆို Clubမှာ ဖင်မြဲသလောက် ခုတလော ဗိုက်က မဖြစ်စလောက် ဒဏ်ရာလေးကို အကြောင်းပြပြီး ဆေးရုံကို ချောင်းပေါက်မတတ် သွားနေပြန်သည်..။

နမ်ဂျွန်း မှာပန်းချီတောင် မဆွဲနိုင်ပဲ အပေါ်ထပ် ဝရန်တာမှာ စာရင်းတွက်လို့နေတယ်..။ စိတ်တွေ သိပ်မကြည်ပေမယ့် သူများအချစ်ရေးကိုလဲ ကန့်ကွက်လို့မှမဖြစ်တာကို..။

"ဂျွန်း.."

ကျစ်!!အာရုံစားတယ်ဆိုတာ ဒါမျိုး..၊
မျက်လွှာအသာ ပင့်ကြည့်တော့ သူ့ကိုပြုံးပြလာတဲ့ Daddyငယ်..၊ လက်ထဲမှာလဲ ပန်းသီးကိုက်လက်စတစ်လုံးနဲ့..၊ ဘယ်တော့မှ အစားနဲ့ပါးစပ် ပျက်တယ်ဆိုတာမရှိဘူး..။

ဆော့ဂျင် မှာ ဝရန်တာလက်ရန်းကို မှီရင်း File တွဲတွေနဲ့ အလုပ်ရှုပ်နေသော မယားပါ သားလေးကိုကြည့်ကာ..

"အလုပ်တွေ ကြိုးစားလှချည်လား?? ဟိုအဖြူကောင်တောင် RS ချိတ်သွားပြီနော်၊ မင်းရော မရှာသေးဘူးလား?"

နမ်ဂျွန်း မှာစိတ်ပေါက်ပေါက်နှင့်..

"အင်း ကျွန်တော့်မှာအစွမ်းအစမရှိလို့ Daddyငယ် က ကူညီပေးလေ.."

Wow!!
ဒီကောင်လဲ အလာကြီးဟ စားလက်စပန်းသီးစိတ်ကို မျိုချပြီး ဟက်ခနဲ တစ်ချက်ရယ်သည်..။ ပြီးမှ..

"Ok! Boy လား Girl လား မင်းအတွက် ငါရှာပေးမယ်.."

"နိုး..ကျွန်တော်လိုချင်တာ Daddy ငယ်ကိုလေ ဘယ်လိုလဲ မဖြစ်နိုင်ဘူးလား?"

ထိုင်ရာ မှထရပ်ရင်း သူ့နည်းတူ ဝရန်တာလက်ရန်းကိုလာမှီတဲ့ ကင်မ်နမ်ဂျွန်းကြောင့် ဆော့ဂျင်မှာ တစ်ဖက်သို့ရွေ့လိုက်ရင်း..

"မင်း ရူးနေလား?
ငါက မင်းအမေရဲ့ ယောကျာ်း၊ Daddy ငယ်လို့ခေါ်ပြီးတော့ မင်းက ဘာဖြစ်ချင်နေတာလဲ..?"

ရဲတတ်လာသော ဆော့ဂျင် မျက်နှာကိုကြည့်ပြီး နမ်ဂျွန်းမှာပါးချိုင့်များ ခွက်ဝင်အောင်ပြုံးသည်..၊ သူ့ကြည့်ရတာ ဟာသတစ်ခုကိုကြားလိုက်ရသည့်နှယ်..

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now