Chapter (2)

1.3K 117 1
                                    

Step Father
************

"အွင်း...ဟိုဆော့  အလုပ်မသွားဘူးလား..?"

"Night duty "

ကုတင်ပေါ်က မဆင်းဘဲ အပျင်းဆန့်ရင်း ပြောလာတာမို့ ဟိုဆော့ မှာ နှာခေါင်းရှုံ့လိုက်မိသည်။ ဆော့ဂျင် က အိပ်မှုန်စုန်မွှားနဲ့ သူ့အနားလျှောက်လာပြီး..

"ငါ့အတွက်..အမူးပြေဟင်းရည် ချက်ထားတယ်မလား..?"

ခေါင်းအသာညိမ့်ရင်း ဖက်လက်စ ဆေးစာအုပ်ကို ဖတ်နေလိုက်မိသည်။ ဆော့ဂျင် က သူ့ အနားကို စွေ့ခနဲဝင်ထိုင်လိုက်တာမို့..

"Ya...ကင်မ်ဆော့ဂျင် ရေလေးဘာလေးချိုးပါဦး..တစ်ကိုယ်ရည် သန့်ရှင်းရေး မလုပ်ပဲနဲ့ကွာ..ကျစ်!!စိတ်ပျက်ဖို့ကောင်းလိုက်တာ.."

သူ့အပြောကို..အမူးသမားကတော့ ဟာသကြားသည့်နှယ် တအုန်းအုန်းထရယ်ကာ..
မျက်ချေးကို နှိုက်ဟန်ပြုပြီး လက်မောင်းမှာလာသုတ်နေပြန်ပြီ ။ စောစောစီးစီးစောက်ခွက်ပြောင်နေတာ..

"Ya..ကင်မ်ဆော့ဂျင်"

"ဟားဟား..ဒေါက်တာ ဂျောင်ဟိုဆော့  ကတော်တော် အသန့်ကြိုက်တာပဲနော်.."

ဟိုဆော့က စာအုပ်အထူကြီးကို စားပွဲပေါ် ဗုန်း ခနဲ ပစ်ချလိုက်ပြီး..

"ပါးစပ်ပိတ်ထား အာပုတ်စော်နံတယ် "

ဆော့ဂျင် က တစ်​ေသာသောထရယ်ကာ.....

"ဟား..ဟား..မင်းမို့လို့ ဒီစကားပြောရက်တယ် ၊ငါ့ကို ငုံထားမတက် ချစ်တဲ့သူတွေမှ ပုံလို့ "

"တော်တော့..အမူးမပြေသေးရင်..ထပ်အိပ်လိုက်..မင်းကြောင့်..ဖတ်လက်စ စာတွေတောင် မေ့ကုန်ပြီ"

ဆော့ဂျင် ကစိတ်ဆိုးဟန်မပြဘဲ သူချလိုက်သော စာအုပ်ကြီးကို တစ်ချက်ကောက်ကြည့်ပြီး..တဖျတ်ဖျတ်လှန်လှော နေပြန်သည်။ သေချာကြည့်ပြီးခါမှ..

"Brain..အကြောင်းပြုစုထားတဲ့ စာတမ်းတွေပါလား "

ဟိုဆော့ ကခေါင်းငြိမ့်ထောက်ခံရင်း ထိုင်ရာမှ ထရပ်လိုက်သည်..။

"အင်း..ဘာရယ်မဟုတ်ပါဘူး သာမန်  Operations တွေ ပိုခက်တာမို့ လေ့လာထားတော့ မမှားဘူးလေ ကဲ...ကဲ..ရေချိုးလိုက်တော့ ငါထမင်းခူးထားပေးမယ်.."

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now