Chapter (11)

1K 127 15
                                    


Stepfather
***********

"နမ်းဂျွန်း...ကင်မ်နမ်းဂျွန်း..Hyungခေါ်နေတာကြားလား? ပြောစရာရှိလို့ တံခါးဖွင့်ပေးပါဦး"

ရေချိုးခန်းထဲက ထွက်ထွက်ချင်း တံခါးထုရိုက်သံတွေကြောင့်...

"ခဏလေး..လာပြီ"

သူတွေ့လိုက်ရတာက Daddy ငယ်မှာ တစ်ခုခုပြောချင်နေပုံနှင့်..ကိုယ့်ကိုအစုံအဆန်ကြည့်လာသည်..။ ပြီးမှ အာ..ခနဲရေရွတ်ရင်း--

"ရေချိုးနေတာလား? Sorry
Hyung တအားလောသွားလို့.."

"မလိုဘူး ရတယ် ဘာကိစ္စရှိလို့လဲ..?"

နမ်ဂျွန်း က ခေါင်းကိုTowel စနဲ့သုတ်နေပြီး သူ့ကို မေးဆတ်ပြလာတာကြောင့် ဆော့ဂျင် မှာလည်ချောင်းတစ်ချက်ရှင်းကာ..

"မင်းသူငယ်ချင်း..ဟိုအဖြူကောင်လေးလေ.."

"အင်း..ယွန်းဂီ လေ ဘာဖြစ်လို့လဲ?"

"သူ အခု ဟိုဆော့ တို့ဆေးရုံမှာတဲ့.."

"ဘာ..ဘာရယ်.."

နမ်ဂျွန်း ခေါင်းကိုဆင်နင်းတာ ထက်တောင်ဆိုး​ေနသေးသည်..။ ယွန်းဂီ က ဆေးရုံရောက်တယ် ဆိုနေမှတော့ တကယ့်ကောင်တွေနဲ့ပဲတွေ့ခဲ့လို့နေမှာ..၊ မဟုတ်ရင် သူကချည်းအရင်ဆော်နေကျ..၊ ခါးကြားထဲမှာ သေနတ်အမြဲပါတဲ့ကောင်က ခုတော့ဆေးရုံရောက်နေတယ်ဆိုတော့...

ဆော့ဂျင် မှာပြူးတူးပြာတာ ဖြစ်နေသော မယားပါသားလေးကြောင့် ပုခုံးကိုဆတ်ခနဲပုတ်နှိုးလိုက်ကာ..

"နမ်ဂျွန်း..ကင်မ်နမ်းဂျွန်း မင်းအဆင်ပြေရဲ့လား?"

"ဟင် ပြေ..ပြေပါတယ် ကျွန်တော်ခုချက်ချင်း ဆေးရုံလိုက်သွားမှဖြစ်မယ်.. hyngက အဖော်လိုက်ခဲ့ပေး.."

အမိန့်ပေးတာလား?
တောင်းဆိုတာလား?
မသဲကွဲသော ဝါကျအဆုံးမှာ ဆော့ဂျင် မှာအလျင်တဆော ခေါင်းညိမ့်ပြမိသည်..။ ဘာပဲဖြစ်ဖြစ်အပန်းကြီးတဲ့ ကိစ္စမှမဟုတ်တာကို..။

"အင်း လိုက်ခဲ့ပေးမယ်နော် လောလောဆယ် အကျီလဲလိုက်ဦး Hyung လဲ မ ဆီကို Phone ဆတ်အ​ကြောင်းကြားလိုက်ဦးမယ်."

ဆော့ဂျင်လက်ထဲမှ Smartphone လေးက နမ်ဂျွန်း လက်ထဲသို့စွေ့ခနဲပါသွားပြီး ထိုလူသားက ခေါင်းတွင်တွင်ခါသည်..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now