Chapter (16)

855 103 0
                                    

Stepfather
______________

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က..

" ပါမောက္ခက ငါ့ကိုမကြည်ဘူး ထင်တယ် ခွဲစိတ်ခန်းထဲမှာ စိုက်ကြည့်နေတာ ကြောက်စရာကြီး ဟိုဆော့ရာ.."

"ချောလို့ကြည့်တာလို့ မှတ်လိုက်ပေါ့ကွာ.."

" မဟုတ်ဘူး ခွဲစိတ်ဓားကိုင်ထားတဲ့ ငါ့လက်ကိုကြည့်နေတာ.."

" မင်း က အရမ်းတော်လို့နေမှာပေါ့ ကြံဖန်လောင်မနေစမ်းနဲ့.."

ထိုစကားအဆုံးမှာတော့ ဟိုဆော့ ကျောပြင်က ဗြောတင်ခံလိုက်ရသလို ဆော့ဂျင်ရဲ့မကျေမချမ်းအသံကလည်း တစ်ဆက်တည်းပင် လိုက်ပါလာသည်..။

"ဒါက ငါ့ကိုလှောင်​ေနတာမလား..?အေးပေါ့ အေးပေါ့ မင်းလို ကျောင်းမပြီးခင်ကတည်းက စီနီယာတွေနဲ့ ယှဥ်နိုင်နေတော့ ပြောပေါ့..ဟုတ်ပါတယ် နောက်ဆုံးနှစ်ကျောင်းသားထဲမှာ ဂျောင်ဟိုဆော့ က အတော်ဆုံးပါ ၊ ကင်မ်ဆော့ဂျင် ကတော့ အညံ့ဆုံးပဲ အဟင့်.."

နှာရှုံ့ရင်း စကားနာထိုး လာသည်က ကလေးငယ်တစ်ယောက်လို..

"အဲ့လောက် Drama တွေကြိုက်နေရင်လည်း ဆရာဝန်မလုပ်နဲ့ မင်းသားပဲလုပ်တော့ "

ဖတ်လက်စဆေးစာအုပ်နဲ့ ဆော့ဂျင်နဖူးကို ပိတ်ရိုက်လိုက်ကာ ရယ်ဖွဖွနှင့် ထိုစကားဆိုသည်..။ ဆော့ဂျင်က နှာခေါင်းရှုံ့ရင်း..

"မင်းနော် ငါ့ရဲ့ လှပတဲ့မျက်နှာလေး တစ်ခုခုဖြစ်သွားရင် ငါ့ကောင်မလေးတွေက ငြိမ်နေမှာမဟုတ်ဘူး.."

"ကြောက်လိုက်တာ ကောင်မလေးတွေဆိုတော့ တစ်ယောက် မကဘူးဆိုတဲ့ သဘောလား..? "

"အဲ့ဒါတော့ မင်းတွေးကြည့်ပေါ့.."

တွေးကြည့်စရာ မလိုပါ..။ ဆော့ဂျင် တွင် ကောင်မလေးများစွာရှိသည်..။ သူနဲ့ဆော့ဂျင် အထက်တန်းနှစ်မှာ သူငယ်ချင်းဖြစ်လာခဲ့ကာ ထိုအချိန်ကတည်းက ကင်မ်ဆော့ဂျင်မှာ ငပွေကောင်ပင်..။ ဆေးကျောင်းတတ်တော့လည်း ပွေမြဲပွေနေကာ နောက်ဆုံးတွင်တော့ သူမနေနိုင်ပဲ မေးမိတယ်..။

" ဘာလို့ အဲ့လောက်ထိ ရည်းစားရှုပ်ရတာလဲ..? ဆေးကျောင်းသားတစ်ယောက် ဖြစ်နေပြီပဲ အတည်တွဲလိုက်ပါလား..ဆော့ဂျင်ရာ "

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now