Chapter (14)

883 106 2
                                    


Stepfather
***********

ခုတလော ဆော့ဂျင် စိတ်တွေ ကယောက်ကယက် ဖြစ်ကာ အလိုလိုနေရင်း ကြောက်စိတ်ဝင်မိသည်..။

အိပ်မက်ဆိုးတွေက ညစဥ်ညတိုင်းသူ့ကို နှိပ်စက်နေသလို တစ်ဖက်တွင်လဲ ကင်မ်နမ်ဂျွန်း ကိုရှောင်နေရခြင်းက အလုပ်တစ်ခုလို ဖြစ်လာခဲ့သည်..။

အရင်ကလို Club တွေမသွားဖြစ်တော့ဘူး..၊ မိန်းကလေးတွေနဲ့ လျောက်မလည်ဖြစ်တော့ဘူး..။ ကမ္ဘာပေါ်တွင် မိမိတစ်ယောက်တည်းရှိနေသလို ခံစားရသည်..။

ဟိုဆော့ ကို ရင်ဖွင့်ဖို့ကျ ပြန်တော့လည်း အလုပ်များသော ထိုကောင်က ရည်းစားပါရလာတော့ သူငယ်ချင်းဆိုသည့် ဖြစ်တည်မှုက ဘေးကိုအလိုလို ရောက်သွားသည်မဟုတ်လား..? ေနာက်ဆုံးတော့ ကင်မ်ဆော့ဂျင် တစ်ယောက်တည်း ကျန်ခဲ့ရတာပဲ..။

ဟန်မြစ်ဘေးမှာ ထိုင်ပြီး တံတားပေါ်မှ ဖြတ်သန်းသွားသော ကားများကို လိုက်ရေတွက်နေမိတယ်..။ ေဘးတွင် တခိခိရယ်မောနေသော အတွဲရဲ့အသံကို နားထောင်ပြီး အထီးကျန်သလို ခံစားလာရသည်..။ အချစ်ဆိုသည့် ဝေါရဟာ ကို သူ လုံးဝ မရင်းနှီးပေ..။

ဒူးပေါ်မျက်နှာမှောက်ရင်း နားတွေကိုပိတ်ထားမိတယ်..။ အတိတ်က မှတ်ဉာဏ်အားလုံးကို ဖျောက်ပစ်ချင်သည်..။ ကိုယ်ကဆရာဝန်ဖြစ်ပြီး လူတစ်ယောက်ကို---ဟင့်အင်း

ဂျူယောင်း..
ဂျူယောင်း..ဂျူယောင်းကို ကျွန်တော် မသတ်ခဲ့ပါဘူး..။ သူ့ဘာသာ ေသသွားတာပါ..ဟုတ်တယ် သူ့ဘာသာသူ တိုက်ပေါ်က ခုန်ချသွားတာ..

ဒါပေမဲ့ သူမသေဆုံးမှုက မိမိပယောဂ မကင်းခဲ့တာကျိန်းသေသည်..။ တောင်းပန်ပါတယ်.. မင်းကိုသေစေခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ပေးပါ..။ ရှိုက်သံမဲ့သော မျက်ရည်စက်တို့သည် မခြိမ်းပဲရွာချတဲ့ မိုးပြေးလေးလို ကသုတ်ကရိုက်နိုင်ပေမယ့် အင်တိုက်အားတိုက်တော့ ရှိလှသည်..။

***



ခြံထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ဖုန်း Screen ကိုကြည့်မိတယ်..။ 12 နာရီကျော်လို့ 1 နာရီတောင် ​ထိုးခါနီးပြီလေ..ဘာလို့ကင်မ်ဆော့ဂျင်က ခုချိန်ထိ ပြန်မလာသေးတာလဲ..?

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now