Chapter (25)

831 115 9
                                    


Step father
_____________

" ရဲစခန်း မတိုင်လို့ရမလား..? ဆော့ဂျင် အသက်အန္တရာယ် တစ်ခုခုဖြစ်ရင် ဘယ်သူက တာဝန်ယူမှာလဲ..? "

"ဟင့်အင်း မဆတ်နဲ့ဆို "

"မင်ယွန်းဂီ! !"

အအော်ခံ လိုက်ရတာကြောင့် ကြောင်ပေါက်ခန္ဓာကိုယ်က မသိမသာ တုန်ယင်သွားခဲ့သည်..။ ဂျောင်ဟိုဆော့ ဆိုတဲ့သူက အမြဲလိုလိုပြုံးနေတတ်တာ ဘယ်တုန်းကများ သူ့ကို ခုလို အော်ဖူးလို့လဲ..?

" အဆော့..ခင်ဗျား ခင်ဗျား ကျွန်တော့်ကို အော်လိုက်တာလား..? "

"ကိုယ်__"

"ချောက်! ! "

သောက်ကျိုးနည်း..
ချောက် ခနဲ အသံကို ရင်းနှီးနေတယ်လို့ ထင်နေခဲ့တာ..။ မမြင်မတွေ့ရတာ ကြာတဲ့ ပစ္စတိုသေနတ်လေးက အလွမ်းပြေ သူ့ရင်ဘတ်ကို လာနမ်းလေသည်..။

ရင်ဝတွင် တေ့ခံထားရသော သေနတ်ကိုကြည့်လိုက် ၊ ယွန်းဂီကိုကြည့်လိုက် ၊ မိမိလက်တွင် ကိုင်ထားသော Smart phone လေးကို ကြည့်လိုက်နှင့် ဟိုဆော့မှ ာတိုင်ပတ်နေသည်..။ ဒီအချိန်တွင် သူငယ်ချင်းကြီး ကင်မ်ဆော့ဂျင်ကိုလည်း မေ့လျော့သွားခဲ့ပြီ..။

မပြုံးချင်ပြုံးချင်နဲ့ အတင်းညှစ်ထုတ်ကာ ပြုံးလိုက်ရင်း..

"ကြောင်ပေါက်ကလဲကွာ အေးအေးဆေးဆေး ပြောလည်းရနေတာကို သေနတ်က ဘာအတွက်လဲ..?"

ယွန်းဂီက တဟက်ဟက်နဲ့ အခွေထစ်သလို အက်ခြောက်ခြောက် ရယ်လိုက်ပြီး..

"သေနတ်ကိုကြောက်တာလား..? ကျွန်တော့် ကို ကြောက်တာလား.."

လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ရင်း ဟိုဆော့က အယူခံဝင်သည်..။

"သေနတ်ကိုကြောက်တယ်..ကြောင်ပေါက်ကိုတော့ ချစ်တာ "

"ခွီးး___"

သူတို့ ကလူဖို့ အချိန်ကောင်း မဟုတ်သေးတာကို ယွန်းဂီလည်း သိနေသည်..။ ထို့ကြောင့် သေနတ်ကို ခါးကြားထဲသို့ ပြန်လည်ထိုးထည့်လိုက်ပြီး ခက်ထန်နေသော အဆော့ကို ေချာ့မော့၍ ပြောလိုက်သည်..။

" အန်တီပြောတာတော့ နမ်ဂျွန်းမှာ Club ကလွဲပြီး အခြား ပိုင်ဆိုင်တဲ့နေရာ မရှိဘူးတဲ့.."

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now