Chapter (31)

529 59 0
                                    

Stepfather
____________

"စစ်စတာကြီး ကျွန်တော့်ကို မှတ်မိသေးလား ကင်ဆော့ဂျင်လေ ဝေါဝိုက်ဟန်းဆန်း ဆော့ဂျင်လေဗျာ "

လက်ကောက်ကောက်လေးတွေနဲ့ မေးစေ့မှာ V Shape လုပ်ပြနေသော hyung ပုံစံက တကယ့်ကို ကလေးပိစိလေး..။ နော်ဝေးကို မသွားချင်ဘူးပြောပြီး သူနေချင်တဲ့နေရာမှာ လိုက်နေဟုပြောကာ ရောက်ချလာသည်က မိဘမဲ့ကျောင်းသို့..။

Hyung ငယ်ငယ်က ကြီးပြင်းခဲ့သော ဂေဟာဖြစ်ပုံပင်..။ဘူဆန်မြို့ဆိုသော်လည်း ယခုဂေဟာက မြို့စွန်းပိုင်းမှာ တည်ရှိတာမို့ အနည်းငယ် ကျေးလက်ဆန်ချင်သည်..။ ဆိုလ်းမှာ မတွေ့ရသော လယ်ကွင်း စိမ်းစိမ်းများနှင့် အရိပ်ရပင်များက ဂေဟာပတ်ပတ်လည်တွင် အလှဆင်ထားသလို ဝန်းရံလို့နေသေးသည်..။

" အာ! မှတ်မိပြီ ဒီကလေး ချောလာလိုက်တာ စစ်စတာတောင် မမှတ်ချင်သလို ဖြစ်သွားတယ် ဂေဟာကို ပြန်မလာတာ ဘယ်နှစ်နှစ်တောင် ရှိပြီလဲကွယ် "

စစ်စတာကြီးမှာ မျက်ရည်များကို ထိန်းပြီး ဝမ်းသာဝမ်းနည်းဖြင့် ဆော့ဂျင်အား ပွေ့ဖ​က် အလွမ်းသယ်နေသည်..။ကားဘေးတွင် မတ်တပ်ရပ်နေသော နမ်ဂျွန်းကို စူးစမ်းသလို ကြည့်လာကာ..

" ဒီလူငယ်လေးက ဆော့ဂျင်သူငယ်ချင်းလား "

" ဟင့်အင်း ကျွန်တော့်ကောင်လေး "

ထိုသို့ဝန်ခံစကားကြောင့် နမ်ဂျွန်း နှလုံးအိမ်က ပရမ်းပတာ ထခုန်တယ်..။ Hyung က သူတို့ဆက်ဆံရေးကို ခုလိုတရားဝင် ဖွင့်ပြောလိုက်တယ်တဲ့..။

" ဂျွန်း ဘာကြောင် ကြည့်နေတာလဲ စစ်စတာကြီးကို နှုတ်ဆတ်လိုက်လေ "

" Nae!  Nae ကင်နမ်ဂျွန်းလို့ ခေါ်ပါတယ်ဗျ "

" လိုက်ဖက်လိုက်တာ ဆော့ဂျင်နီး ချစ်သူက လူချောလေးပဲ စစ်စတာကြီး တည်းဖို့အခန်း စီစဥ်ပေးမယ်နော် "

"Nae! "

နမ်ဂျွန်း မှာ တပြုံးပြုံးနဲ့ တ Nae Nae ဖြစ်နေသော်လည်း ဆော့ဂျင်မျက်နှာကတော့ စစ်စတာကြီး ထွက်သွားတာနဲ့ မှုန်မှိုင်းလာခဲ့ပြီး..

" မျက်နှာထားကိုပြင်ထား မင်းပြုံးရင် ကျက်သရေ ယုတ်လွန်းလို့ "

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now