Chapter (1)

2.6K 145 3
                                    


Stepfather
-----------------

ရောင်စုံမီးရောင်နှင့် DJ သံ ခပ်မြူးမြူးတို့က မူးယစ်နေသော သူ့စိတ်တွေကို ပို၍ Tempo မြှင့်စေသည်။

ဆေးလိပ်တစ်ဖွာကို ခပ်ဆဆရှိုက်လိုက်တော့ လူကမိန်းမောလာကာ တိမ်တွေပေါ်ရောက်သွားသလို.. သက်တန့်တွေပေါ်ဆော့ကစားနေသလို.. အဟွန်း ဒီလို feeling မျိုးက သိပ်မိုက်တယ်မဟုတ်လား..? လောကစည်းစိမ်ဆိုတာ ဒါမျိုးကို ခေါ်တာ..။

Club ရဲ့ထောင့်ကျကျစားပွဲမှာ ဆော့ဂျင် ထိုင်ပြီး ဘာရယ်မဟုတ် Dancing floor ကိုသာကြည့်နေမိသည်..။

ပုရိသမျိုးစုံက အရောင်အသွေး စုံလင်စွာနှင့် လေယူရာယိမ်းနွဲ့နေသောပန်းပွင့်များလို လွှန့်ကာလူးလို့..။ ငါဆိုသည်မှာလည်း ဆေးလေးနည်းနည်လေး သံုးလိုက်မိတာနဲ့ ကဗျာတွေစာတွေရေးချင်တော့တာပဲ အဟွန်း ပျော်ဖို့တော့ကောင်းသား..။

"ဆော့ဂျင်... "

ခပ်ရှရှအသံလေးက သူ့အတွေးများကို ဖျက်စီးလိုက်တာမို့ ဂြိုဟ်ကြည့်ကြည့်လိုက်တော့ တွေ့လိုက်ရသည်က ကိုယ့်သူငယ်ချင်း ဂျောင်ဟိုဆော့ ၊ ထုံးစံအတိုင်း ပြုံးပြရင်း  ကိုယ့်ဘေးဝင်ထိုင်လာသည်။

လက်ထဲမှ စီးကရက်ကို ဇိုးဇိုးဇက်ဇက်ပင်လုယူသွားကာ နှာခေါင်းရှုံ့ရင်း..

"မင်းကတော့ မကောင်းမှန်းသိရက်နဲ့ ဆက်လုပ်တာပဲ..၊ တစ်ဖြည်းဖြည်းနဲ့ ဘိန်းစားရုပ်ပေါက်နေပြီ.."

ဆော့ဂျင် ခပ်သော့သော့ရယ်မောရင်း Sofaပေါ် ပျင်းတွဲတွဲ မှီချလိုက်သည်။ ခုထိ စိတ်တွေက တိမ်တွေစီးနေတုန်း..

"အင်း..အဲ့တာနောက်ဆုံးကျန်တာပဲ..သန်ဘက်ခါဆို လုပ်ငန်းစပြီ "

ဆော့ဂျင် ဆီကဒီစကားကြားတော့ ဟိုဆော့ မျက်ခုံးတောင် လှုပ်ချင်လာပြီ..။ဒီကောင် ဘာကြံနေပြန်ပြီလဲမသိ..၊ သူတွေးတော၍မဆုံးခင်မှာပဲ..

"ဟိုဆော့..ငါလက်ထပ်တော့မယ်"

"ဟမ်..ဘာ..ဘာလုပ်တော့မယ်"

"ဆော့ဂျင်" ကမှိန်းနေရာမှ ခပ်မျှင်းမျှင်းရယ်သွမ်းရင်း "ဟိုဆော့" ကိုပြူးကြည့်လိုက်တယ်..၊ ထို့နောက် ပြတ်ရှရှ စကားသံတွေက တစ်လုံးချင်းနှင့်...

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now