Chapter (5)

914 102 0
                                    

Stepfather
*************

"My son နိုးပြီလား?"

ရေခဲ့သေတ္တာ ကိုဖွင့်နေသော လက်တောင် တုန်တက်သွားသည် အထိ ထိုလူသားက ကျွန်တော့်ကို ဒုက္ခေပးလွန်းသည်..။ မတွေ့ချင်လို့ ရှောင်နေတယ့် သူကိုမှ ဘာလို့များ.. ကျစ်!! ခင်ဗျားက သိပ်စိတ်ပျက်ဖို့ကောင်းတယ် ကင်မ်ဆော့ဂျင် ။

အကြောတင်းလေး ..ခုထက်ထိလှည့်မကြည့်သေးဘူး..။

သူ့အမေနဲ့က အဆင်ပြေတယ် ..ဒီငနာလေးနဲ့ က တကယ့်ကို မလွယ်ဘူး..။ဆော့ဂျင် စိတ်ကို အတတ်နိုင်ဆုံးလျှော့လိုက်ပြီး မီးဖိုခန်းထဲကို ေလျှာက်လာလိုက်သည်..။ ထို့နောက် ရယ်သွမ်းရင်းနှင့်ပင်...

"ဘယ်အချိန်ရှိပြီလဲ သားရဲ့နေမြင့်တဲ့အထိအိပ်ရင် ကျန်းမာရေး ထိခိုက်လိမ့်မယ် "

" ကျစ်!! "

စုတ်သတ်သံအဆုံးမှာ သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်.. ၊ မှင်သေသေအကြည့်တစ်စုံနှင့် ကြည်လဲ့လဲ့မျက်ဝန်းများက အတော်ကြာ အားပြိုင်နေကြသည်။ အသက်ရှုသံ ခပ်မျှင်းမျှင်းမှ လွဲ၍အရာအားလုံးဟာတိတ်ဆိတ်နေသလို..။

"မခေါ်နဲ့ ကျွန်တော့်ကို သား လို့ခေါ်တာမကြိုက်ဘူး၊ ခင်ဗျားကို အိုမား စိတ်ချမ်းသာဖို့အတွက် ကျွန်တော်လက်ခံပေးထားတာ ၊ရင်းနှီးချင်ယောင် မဆောင်ပါနဲ့ "

ဆော့ဂျင် ရင်ထဲမှာ ဖျင်းခနဲ ဖြစ်သွားသော်လည်း ပြုံးလျှက်ပင် စကားဆိုမိသည်။

"ရင်းနှီးချင်ယောင် မဆောင်ပါဘူး ၊ နောက်ပြီး ငါက မင်းအမေရဲ့ ယောကျာ်း လေ သားလို့ခေါ်တာ ဆန်းသလား..?"

ဘယ်လောက်ထိ ဂွ ကျတဲ့မေးခွန်းလဲဆိုတာ. . . .?

"ခင်ဗျားဗျာ. . . . . တောက် !!!"

ဒီနေရာက ထွက်သွားတာ အကောင်းဆုံးမို့ နမ်ဂျွန်း ခပ်သုတ်သုတ် လှည့်ထွက်လိုက်သော်လည်း နောက်ပါးဆီက အသံခပ်သဲ့သဲ့က သူ့နားထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်..။

"ငါ့ကို ခင်ဗျား လို့မခေါ်နဲ့ Hyung လို့ခေါ်
ငါ မကြိုက်တဲ့နာမ်စား ဆက်ခေါ်နေရင်
မင်းကိုလည်း သားလို့ခေါ်နေဦးမှာပဲ "

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now