Chapter (34)

561 61 1
                                    

Stepfather
___________

မုန်လာပင်ပေါက် လေးများကို ရေလောင်းပြီး နမ်ဂျွန်းမျက်နှာက ပြုံးရိပ်ထင်နေသည်..။ ခြံကျယ်ကြီးရဲ့ အလယ်တွင် တိုက်ပုလေးတစ်လုံးသာ ရှိနေပြီး ပတ်ပတ်လည် မြေနေရာကြီးတွင်တော့ သူ မျိုးကြဲထားသော ဒေသထွက် သီးပင်မျိုးစုံတို့က အပင်ပေါက်လာပြီ..။ သဘာဝတရားကြီးနဲ့တော့ ကင်မ်နမ်ဂျွန်း က ခုလို သင့်သင့်မြတ်မြတ် ရှိလှပါတယ်..။

Hyung နဲ့လား..?

Hyung နဲ့ ဆက်ဆံရေးကတော့ ဘယ်လိုမှန်း အတိအကျ မပြောပြတတ်ပေမယ့် ကောင်းမွန်တယ်လို့ပဲ ဆိုရမယ်..။ မျက်နှာခွဲစိတ်ကုသထားတာမို့ အပတ်စဥ်ဆေးတွေ သောက်ရချိန်တွင်တော့ Hyung က သူ့အား ကျိန်ဆဲ​ေနတတ်သည်..။

စိတ္တဇအရူးကောင် မင်းကြောင့် ငါဒီဆေးတွေ သောက်နေရတာ မင်းကိုသတ်ချင်တယ် စ သဖြင့်ပေါ့..။ တစ်ခါတလေ မှန်ကြည့်ပြီး အော်ဟစ် တတ်သေးသည် ငါ့မျက်နှာချောချောလေးကို ပြန်ပေးစမ်း ဟု..။

" နမ်ဂျွန်း မင်း ဘယ်မှာလဲ..? "

တွေ့လား..?
ကျွန်တော့်ကို မတွေ့ရရင်လည်း ခုလိုရှာဖွေတတ်သေးတာ..။

"Ya! ကင်မ်နမ်ဂျွန်း "

" ကျွန်တော် က ဒီမှာလေ Hyung လေးရဲ့ "

အပင်​ေရလောင်းနေဆဲ ရေပိုက်လေးကို ဆော့ဂျင် လာရာလမ်းဘက်ကို ဦးတည်လိုက်တာမို့  အကဲဆတ်နေသော ထိုလူသားလေးက ကတ်ကတ်လန်အောင် ရန်တွေ့တော့သည်..။

" ငါက အပင်မဟုတ်ဘူးနော် ရေလောင်းစရာ လိုလိုလား..? ကြည့်ဦး ဒီမှာ အကုန်စိုကုန်ပြီ Shit "

ဆဲရေးသံတိုးတိုးလေးကို နမ်ဂျွန်းက အလေးမထား..။ ပြီတီတီမျက်နှာပေးနဲ့ပဲ..

"  Hyung နှလုံးသားကို ရေလောင်းပေးရင် အပင်တွေလို ကြီးလာမလားလို့ပါ ဒါမှ ကျွန်တော့်ကို ချစ်လာမှာလေ ဟုတ်ဘူးလား?"

ကိုယ့်မျက်နှာကို စိုက်ကြည့်ပြီး ဆွေးဆွေးနင့်နင့်ကြီး ပြောနေသော နမ်ဂျွန်းကြောင့် ဆော့ဂျင်မှာ ဒေါသပဲထွက်ရမလို ရင်ပဲခုန်ရတော့မလို နဲ့ လမ်းပျောက်လို့ နေတယ်..။ ဘာလဲ ဘာလဲ ဒီကောင်က ငါ့ကို လာ flirt နေတာလား..?

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now