Chapter (23)

716 106 9
                                    


Stepfather
------------------

" အဆော့ အဆော့ ဘယ်မှာလဲ..? "

ဆေးရုံကော်ရစ်တာမှာ အော်ဟစ်ရင်း ပြေးလွှားနေသူကြောင့် အိမ်ပြန်ဖို့ ပြင်နေတဲ့ ထယ်ယောင်းနဲ့ ဂျီမင် မှာ လန့်ဖြန့်သွားခဲ့ပြီး ထိုသူအား အစုန်အဆန် လိုက်ကြည့်မိသည်..။ ဟိုတစ်ခါကလို သေနတ်ကြီး ခါးကြားများ ထိုးလာသလားလို့..

" ငါမေးနေတာ မကြားဘူးလား အဆော့ဘယ်မှာလဲ.."

ထယ်ယောင်း က သူ့ခန္ဓာကိုယ်ကြီးကိုမှ အားမနာပဲ ပုစိလေး ဂျီမင်အနောက်မှာ ဝင်ပုန်းနေသည်..။ ဂျီမင်မှာလည်း ကြောက်လန့်နေသော်လည်း စိတ်ကိုထိန်းပြီး..

"စီနီယာက ခုနကပဲ ခွဲ ခွဲစိတ်ခန်းပဲ ဝင် ဝင် သွားတာပါ ဖြောင်း.."

စကားတွေ ထစ်နေတာမို့ ဂျီမင်မှာ ကိုယ့်ပါးစပ်ကို ရိုက်ပြီး အပြစ်ပေး လိုက်ရတယ်..။ ယွန်းဂီကတော့ ထိုနှစ်ယောက်ရဲ့ အပြုအမူများကို သတိမထားပါပဲ ဘော်ငွေရောင်ဆံနွယ်များကို ဆွဲဖွပစ်ကာ..

"ကျစ်!  အရေးရယ် အကြောင်းရယ်ဆို အနားမှာကိုမရှိဘူး..ယီးပဲကွာ "

ပြောရင်း တောက်တစ်ချက်ခေါက် ကော်ရစ်တာကို ဒုန်းခနဲ ဆောင့်ကန်ပစ်လိုက်သည်..။ ဟိုနှစ်ယောက်ရဲ့ စိတ်အခြေအနေမှာ ထိုအချင်းအရာကြောင့် ပိုဆိုးသွားခဲ့ပြီး..

"ဒါဆို ကျွန်တော်တို့ သွားလိုက်..ယား..."

ဂျီမင် ရဲ့ နှုတ်ဆတ်စကားတောင် မဆုံးလိုက်ပဲ ထယ်ယောင်မှာ လက်ဆွဲ၍ ပြေးရှာပြီ..။ နောက်ကျတဲ့ ခြေထောက် သေနတ်စာမိမှာပဲ..။ စီနီယာကို ချစ်ပေမယ့် စီနီယာ့ဘဲလေးကိုတော့ ကြောက်တယ်လေ..။

နောက်ဆုံးတော့ ယွန်းဂီမှာ ဟိုဆော့ရုံးခန်းထဲမှာ နှစ်နာရီလောက် ထိုင်စောင့်လိုက်ရတယ်..။ အစကတော့ စောင့်နေမယ့်အတူ နမ်ဂျွန်းဆီကိုသွားမလို့ပဲ..။ တော်ကြာနေ အဲ့ကောင်က ငါ့လျှို့ဝှက်ချက်တွေကို မင်းသိသွားပြီဆိုပြီး Psycho ကားထဲက မိမိကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ..?

FA ဘဝ က ကျွတ်တာဖြင့် မကြာသေးဘူး..။ ဒါကြောင့် သေမယ့်ကိစ္စကို ယောင်လို့ စိတ်တောင် မကူးဖူးဘူး..။ သူငယ်ချင်းကို ကူညီချင်တာက သက်သက် ခွဲခြားသင့်တာကတော့ ခွဲခြားရမှာပဲ ..။ ဒီအချိန်မှာ ကိုယ်တစ်ယောက်တည်း လျောက်လုပ်နေတာထက် အဆော့ နဲ့ တိုင်ပင်တာက ပိုအဆင်ပြေလောက်သည်..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now