Chapter (19)

1K 113 9
                                    

Stepfather
____________

"အဆော့ ဒီနေ့လုပ်လိုက်တာက သိပ်မမိုက်ဘူးနော် ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ဘာလို့အန်တီ့ဆီကို ခေါ်လာတာလဲ..? "

" စပရိုက်တိုက် လိုက်တာလေကွာ ကိုယ့်အမေက သဘောကောင်းပါတယ်..ခုပဲကြည့် ကိုယ်တို့ နှစ်ယောက်ကို အခန်းခွဲမပေးဘူးလေ "

"ယား..ဂျောင်ဟိုဆော့ "

"ဟားးဟားး.."

တော့ပိုကီဆိုင်ရဲ့ အနောက်တွင် တိုက်ပုလေး တစ်လုံးရှိသည်..။ ထိုအိမ်တွင် ဟိုဆော့အမေ က တစ်ယောက်တည်း နေသည်တဲ့..။ ခုလိုအလုပ်နားရက်တိုင်း ဒယ်ဂူကို ပြန်လာလေ့ရှိကာ တစ်ခါတလေ Uncle ကင်မ်ဆော့ဂျင် ကိုတောင် ခေါ်လာတတ်သည်..။

ခရီးတိုလေး သွားမယ်ထင်လို့ လိုက်လာခဲ့တာ ခုလို ဆွေပြမျိုးပြ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး..။ အန်တီက သဘောကောင်းပါတယ်..ရီလိုက်ရင် သူ့သားမှာလို ပါးခွက်လေးတွေနဲ့..။

"ကိုယ်ရဲ့ ကြောင်ပေါက် က ပြုံးစိစိနဲ့ဘာတွေတွေးနေတာတုန်း.."

"အဆော့နော် ဒီဘက်တိုးမလာနဲ့ ကုတင်ပေါ်က ပြုတ်ကျတော့မယ်.."

တကယ်ကြီး သူပြုတ်ကျတော့မည်..။ တစ်ယောက်တည်းဆိုလျှင် ချောင်ချောင်ချိချိ အိပ်၍ရသော ကုတင်က ယောကျာ်းလေးနှစ်ယောက် အတွက်တော့ မလူးသာမလွန့်သာ..။ ေနာက်ပြီး အဆော့ က သူ့မိဘအိမ်ဆိုပေမယ့် ကိုယ့်အတွက်တော့ စိမ်းသက်နေသော ပတ်ဝန်းကျင်မို့ နည်းနည်းနေရ ထိုင်ရခက်သည်..။

ဟိုဆော့ မှာ တစ်ဖက်ကို တိုးကပ်သွားသော ကြောင်ပေါက်ကို ကြည့်ပြီး..ပို၍အူမြူးလို့လာတယ်..။ ခါးကိုတင်းခနဲ ဖက်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ နဂိုမှေးတဲ့မျက်လုံးအစုံက ဇီးကွက်လေးလို ပြူးကျယ်လာပြီး..

" အဆော့ ဟိုဘက်ခန်းမှာ ခင်ဗျားအမေရှိတယ်နော် ဘာဖြစ်နေတာလဲလို့..! "

"ကိုယ်သိတယ် ကလေးက ငြိမ်ငြိမ်နေရင် ခုလိုအသံတွေ ထွက်ပါ့မလား..? "

"ဘယ်..ဘယ်သူက ကလေးလဲ? ကျွန်တော်က လူကြီး.."

ရင်ခွင်ထဲက ခေါင်းမော့ပြီး ရန်တွေ့လာတာကြောင့် စကားများသော ပါးစပ်ပေါက်ကို အနမ်းတို့နှင့် အချုပ်ကျစေလိုက်သည်..။ လွန့်လူးနေသော ခန္ဓာကိုယ်ပေါ် ခြေထောက်တစ်ဖက်ခွတင်ပြီး တစ်ကိုယ်လုံးချုပ်၍ နမ်းပစ်လိုက်သည်..။ ကဲ ဘာတတ်နိုင်သေးလဲ..?

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now