🍓 အပိုင်း 1🍓

34.4K 632 6
                                    

The Fragrance of Love

🍓 Part-1 🍓

လက်ကျန် ၀ီစကီကို ကုန်အောင် တစ်ကျိုက်ထဲ မော့သောက်ပြီးချိန်တွင် ရတု ရင်ထဲ တအားကို ပူဆင်းသွားရသည်။

လျှာဖျားပေါ်တွင်စွဲထင်နေသည့် ၀ီစကီအရသာက သောက်နေကြနှင့်မတူ။ အနည်းငယ် ဖန်နေသလိုပင် .... ဒီနေ့မှ
၀ီစကီအရှိန်က ပိုပြင်းနေတာလား သူကပဲ
ဒီနေ့မှ ပိုမူးနေတာလား ဆိုတာတော့မပြောတတ် ။

စနေနဲ့ တနင်္ဂနွေနေ့တိုင်း ဒီ Club တွင် ရတု လာကဲလေ့ရှိသည် ။
တစ်ခါတလေ သူငယ်ချင်းဖြစ်သူ ကောင်းခန့် ပါလာတတ်သော်လည် အများဆုံးကတော့ သူတစ်ယောက်ထဲလာတာဖြစ်၏။

ပုံမှန်ဆို အနည်းလေး နှစ်ခွက်သောက်ပြီးမှ အိမ်ပြန်လေ့ရှိသော ရတုအဖို့ ဒီနေ့မှ
တစ်ခွက်ထဲသောက်ပြီး ဘယ်လိုဖြစ်လို့ ဒီလောက်တောင်မူးနေရလဲ မသိပါ။

Bar counter မှ ကောင်လေးက နောက်တစ်ခွက် ထပ်ထည့်ပေးဖို့ ပြင်သည့်အခါ ရတု လက်ကာပြလိုက်ရသည်။

"Stop bro.... I can't drink anymore .... I have to go now! "

တော်ပြီညီလေး .... အစ်ကိုထပ်မသောက်နိုင်တော့ဘူး အခုသွားရတော့မယ် ဆိုတာကို Eng လို ပြောပြီး ပြန်ဖို့ ထရပ်လိုက်ရာ မိုက်ခနဲဖြစ်ပြီး ယိုင်ကျသွားသည်။

ကျစ်.... ပုံမှန်ဆို နှစ်ခွက်လောက်သောက်ပြီး
အိမ်ကိုတောင် အေးဆေးကားမောင်းပြီး ပြန်လာနိုင်တဲ့ သူက ဘာလို့ ဒီနေ့မှ တစ်ခွက်ထဲနဲ့ ခေါင်းတောင်မသယ်ချင်တော့တဲ့အထိ ဖြစ်နေရတာလဲဆိုတာ သူကိုယ်သူလဲ တကယ်မတွေးတတ်တော့ပေ။

ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းပြီး လျှောက်နေရပေမယ့် ဘယ်လိုမှ မဟန်တော့တာလဲ
ကိုယ့်ဘာသာ အသိဆုံးဖြစ်သည်။

ခြေလှမ်းတစ်ချက်အမှား နောက်တစ်ကြိမ်
ယိုင်အကျ ပြုမည့်အချိန်မှာ နွေးအိသော
ကိုယ်လုံးလေးရဲ့ လှမ်းဆွဲခြင်းကို ရတုခံလိုက်ရသည်။

"မင်းအရမ်းမူးနေပြီ .... တို့ကိုတွဲလိုက်နော် .... "

ငွေမင်ရောင်ကိုယ်ကျပ်ဂါ၀န်လေးနဲ့ မိန်းကလေးတစ်ဦးက သူ့လက်ကိုလာဆွဲသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now