🍓 အပိုင်း 10 🍓

13.1K 516 9
                                    

The Fragrance of Love

🍓 Part -10 🍓

"အဲ့ .... အဲ့ဒီတော့ နင်တို့ ကုမ္ပဏီရဲ့ MD က ရတုလေးရဲ့ အဖေ ဖြစ်နေခဲ့တာလား "

နဒီရဲ့ အံ့သြတကြီးမေးလာတဲ့ မေးခွန်းကို ပိုးသား ခေါင်းသာ ငြိမ့်ပြလိုက်မိသည်။

"ဘုရားရေ..... ဒါဆို နင်နဲ့ အဲ့နေ့ညက
မှားခဲ့တဲ့သူက နင်တို့သူဌေးဖြစ်နေခဲ့တာပေါ့ ဟုတ်လား .... "

"အင်း ....."

"ပိုးသားရယ် နင်တို့အဖြစ်ကလဲဟယ် အနီးဆုံးမှာ ရှိနေခဲ့ပြီးတော့ အခုမှ သိရတယ်လို့ ... ဘာပဲဖြစ်ဖြစ် အဖြစ်မှန်ပေါ်လာတာပဲ တော်သေးတာပေါ့ဟယ်.....သားသားလေးတော့ ၀မ်းသာနေတော့မှာပဲ ....."

နဒီကို ကောင်လေးတစ်ယောက်နဲ့ မှားပြီး သားကိုရခဲ့တယ်လို့ပဲ သူမက ပြောပြထားတာကြောင့် နဒီက အဖြစ်မှန်ကိုမသိပါ။

ဒီလောကကြီးထဲမှာ သားလေးဖြစ်တည်လာရခြင်းရဲ့ အဖြစ်မှန်အကြောင်းစုံကို သိတဲ့သူဆို၍ သူမတစ်ယောက်ထဲသာရှိသည်။

"အဲ့တော့သူက ရတုလေးကို သူ့ ရင်သွေးဆိုတာသိပြီး ဘာပြောလဲ..... "

"တာ၀န်ယူပါရစေတဲ့ ..... ငါတကယ်ကို စိတ်ညစ်လိုက်တာ နဒီရယ်......"

ပိုးသားစိတ်ညစ်ညစ်နဲ့ပဲ နဒီအမေးကို ပြန်ဖြေလိုက်ရသည်။

"ဘာ!!!! အဲ့ဒီလူယုတ်မာကတော့ငါနဲ့တွေ့တော့မှာပဲ.... သူကလုပ်တုန်းကတော့လုပ်ခဲ့ပြီး တာ၀န်ယူပါရစေဆိုတော့.....ဟမ်...
ဟဲ့!!!!!! "

နဒီအော်သံကြောင့် ပိုးသားလန့်သွားရသည်။

"ဘာလဲ နဒီရယ် နင်ကလဲ အော်လိုက်တာ လန့်သွားတာပဲ "

"ဟိုက နင့်ကို တာ၀န်ယူမယ်လို့ပြောတာလေ... တာ၀န်မယူဘူးလို့ပြောတာမှ မဟုတ်တာ.....ဒုက္ခပါပဲ ငါတောင်ကြားထဲက ကြောင်ချင်သလိုလိုဖြစ်နေပြီ ပိုးသားမရယ်....ဟိုက အဖြစ်မှန်ကို အခုမှသိလို့ တာ၀န်ယူမယ်ပြောတာလေ.... နင်က အဲ့တာကို ဘာတွေစိတ်ညစ်နေတာလဲ ..... "

"စိတ်ညစ်တာပေါ့ဟ....အခု ငါ့ဘ၀က သားလေးနဲ့ ကိုယ့်ဟာကိုယ် အဆင်ပြေနေတာပဲကို....ဘာမှ မှမလိုအပ်တော့တာ.... ပြီးတော့ သူကတာ၀န်ယူမယ်ဆိုရင် သူနဲ့ငါနဲ့က လက်ထပ်ရမှာလေ "

🍓 The Fragrance Of Love 🍓Where stories live. Discover now