🍓 အပိုင်း 9 🍓

12.4K 523 11
                                    

The Fragrance of Love

🍓 Part 9 🍓

ရတု သားလေးရဲ့ ဆေးရုံခန်းလေးထဲ၀င်လာတော့ အခန်းထဲမှာ ဖေဖေရောမေမေရော သူမရောနှင့် လူစုံတက်စုံပင်။

သားက သူ့ကိုမြင်တာနဲ့ မျက်နှာလေးက ပြုံးရွှင်သွားပြီး ဦးဦးဆိုပြီး လှမ်းခေါ်သည်။

ရတု သားလေးကို ပြန်ပြုံးပြလိုက်ပြီး ၀ယ်လာသည့် ပူတင်းကိတ်ဘူးလေးတွေကို စားပွဲပေါ် တင်လိုက်သည်။

"ဦးဦးက အလုပ်မအားလို့ သားသားလေးဆီ အခုမှလာတာလားဟင်.... "

ရတု သားဘေးနားလေး၀င်ထိုင်လိုက်ပြီး
ချစ်စရာကောင်းလွန်းတဲ့ သားကို ပြုံးကြည့်ကာ.....

"အွန်း ဦးဦးက အရေးကြီးအလုပ်ကိစ္စလေး ပေါ်လာလို့ အဲ့တာလေးလုပ်နေရတာနဲ့ အခုမှ သားသားလေးဆီ လာရတာ .... ဟိုနေ့က သားသားလေး စားချင်တယ်ပြောတဲ့ ပူတင်းကိတ်လေးတွေ ၀ယ်လာခဲ့တယ်နော်...... "

"ဟီး ဦးဦးကို သားသားလေးက အဲ့တာကြောင့် အရမ်းချစ်တာ..... "

"အဟွန်းဟွန်း..... ချစ်ဖို့ကောင်းလိုက်တာကွာ.... "

သားဖြစ်သူနဲ့ ခေါင်းချင်းဆိုင် စကားပြောနေတဲ့ မြေးဆက်လေးကိုကြည့်ပြီး
ဒေါ်ချိုချိုထွန်းရင်ထဲ ကြည်နူးလာရသည်။

ဆက်လေးသာ သူမရဲ့ မြေးလေး ....သားရဲ့ ရင်သွေးလေး ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ ။

ဒါမှမဟုတ် အဲ့လိုဖြစ်အောင်ပဲ လုပ်ယူလိုက်ရမလား .... ပိုးသားဆိုတာလဲ ကလေးတစ်ယောက်အမေဆိုပေမယ့် ဘာဆိုဘာမှ အပြစ်ပြောစရာမရှိတဲ့ မိန်းကလေးမျိုးပဲဟာကို။

သားအနားမှာက အယ်လာလို ငွေမက်တဲ့ မိန်းကလေးမျိုးတွေချည်း ၀ိုင်းနေတာ...
အယ်လာလို လူမျိုးနဲ့ အကြောင်းပါတာထက် စာရင် ပိုးသားလိုမျိုး မိန်းကလေးက သားအတွက်ရော သူမတို့မိသားစုအတွက်
ပါ ပိုပြီး သင့်တော်မယ်ထင်သည်။

ဒေါ်ချိုချိုထွန်းကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားပြီး ပြုံးလိုက်မိသည်။

ထို့ကြောင့် ခင်ပွန်းဖြစ်သူကို တစ်ချက်ကြည့်လိုက်မိသည့်အချိန်တွင်တော့ သားအဖေက သူမကို စူးစူးစိုက်စိုက်ကြည့်နေပြီး သူမဘာတွေးနေလဲဆိုတာ သိတယ်ဆိုသော အကြည့်ဖြင့် ကြည့်နေတာကြောင့်ဒေါ်ချိုချိုထွန်း ဂရုမစိုက်သလိုမျိုးဖြင့် မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
မသိချင်ယောင်ဆောင်နေလိုက်သည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now