🍓 အပိုင်း 6 🍓

11.1K 480 5
                                    

The Fragrance of Love

🍓 အပိုင်း 6 🍓

ကားထဲမှ လေထုက အေးစိမ့်နေသလောက် စိတ်ထဲမှာ အိုက်ဆက်ဆက်နဲ့ အနေရအထိုင်ရခက်နေသည်မှာ ပိုးသားဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အသစ်ထုတ်မယ့် product တစ်ခု ထုတ်လုပ်သည့်အပိုင်းမှာ ပြဿနာပေါ်နေသည်မို့ MD ရယ် သူမရယ် ၂ယောက်ထဲ မှော်ဘီက စက်ရုံဆီသွားနေရတာကြောင့် ဖြစ်သည်။

တစ်ခုတော်သေးသည်က ပြဿနာပေါ်သွားသည်မှာ စျေးကွက်ထဲ မဖြန့်ချီရသေးသည့် အသစ်ထုတ်မယ့် Product ဖြစ်နေလို့သာပေါ့ .... ထုတ်နေကျ product တွေသာဆို ရှင်းလိုက်ရမည့် ပြဿနာပေါင်း နည်းမှာမဟုတ်ပေ။

၂ယောက်ကြားထဲမှ ငြိမ်သက်တိတ်ဆိတ်နေသည့် လေထုကို စပြီးဖြိုခွင်းလိုက်သူမှာ ရတုဖြစ်သည်။

"မပိုးသားဖြူ နေ့လယ်စာ စားပြီးသွားပြီလား "

"ရှင် ..... ဟုတ် စားပြီးသွားပါပြီ MD "

"ဪ ဒါဆိုတော်သေးတာပေါ့ .... ဟိုမှာက ဘယ်လောက်ကြာမလဲ မသိတော့
ဗိုက်ဆာရင် အခက်တွေ့နေမှာ... "

"ဟုတ် MD "

သူ တစ်ခွန်းဆို သူမကလဲ တစ်ခွန်းသာ ပြန်ဖြေတာကြောင့် ရတုအကျပ်ရိုက်သွားရသည်။

ဒီအတိုင်းဆို ကားမောင်းနေရင်းနဲ့ ပျင်းလို့အိပ်တောင်ငိုက်နိုင်သည်။

"ကျွန်တော်က နေ့လယ်စာ စားနေရင်း ဒီပြဿနာပေါ်လာလို့ ချက်ချင်းထလာရတာလေ.... "

"အဲ့တာဆို MD နေ့လယ်စာ ပြီးအောင်မစားခဲ့ရဘူးပေါ့နော်..... "

"စားနေရင်းဆိုပေမယ့် စားလို့ ပြီးခါနီးနေပါပြီ ....အဲ့တာကြောင့် တစ်ခါထဲ တန်းလာခဲ့လိုက်တာ ....ဒါနဲ့ အခု ဖြစ်တဲ့ပြဿနာ က ဘာကြောင့်လို့ မပိုးသားဖြူထင်လဲ "

"အဓိကအကြောင်းအရင်းက ဟိုရောက်မှ စစ်ဆေးရင်း သိရမှာဆိုပေမယ့် ကျွန်မအထင်တော့ အနံ့ပိုင်းမှာ တခုခု ဖြစ်တာထင်ပါတယ်.... ဘာလို့လဲ ဆိုတော့ ထုတ်လုပ်တဲ့အပိုင်းက မမိုးအသေးစိတ်တာ၀န်ယူပြီး လုပ်ထားတာဆိုတော့ အနံ့ထည့်တဲ့အပိုင်းမှာပဲ ပြဿနာရှိမယ်ထင်တယ်.... ကျွန်မအထင်ပါ အကုန်လုံးတော့စစ်ကြည့်မှရမှာပေါ့ "

🍓 The Fragrance Of Love 🍓Where stories live. Discover now