🍓 အပိုင်း 29 🍓

9.3K 412 7
                                    

The Fragrance of Love

🍓 အပိုင်း 29 🍓

သုံးပတ်ခန့်ကြာသော် ~

ဒီနေ့က မောင်နဲ့ သူမရဲ့ မင်္ဂလာပွဲကျင်းပမည့် နေ့လေးဖြစ်တာကြောင့် ပိုးသားတစ်ယောက် အိပ်ရာမှ အစောကြီး နိုးလာရသည်။

အိပ်နေရာမှ ထထိုင်လိုက်ပြီး နာရီကို ကြည့်လိုက်တော့ မနက် ၄နာရီခွဲပဲ ရှိသေးသည်။

ဒီနေ့က သူမတို့နှစ်ယောက် မင်္ဂလာဆောင်ကြမှာမို့ဟူသော အကြောင်းပြချက်နဲ့အတူ မောင်ကမနေ့ညထဲက သူမတို့ သားအမိနဲ့အတူ လာအိပ်သည်။

ဘေးကို ကြည့်လိုက်တော့ မောင်တို့ သားအဖက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတုန်းပဲမို့ သူမတစ်ယောက်ထဲ အိပ်ရာမှ အသာလေးထကာ အခန်းအပြင်ကို ထွက်လာခဲ့သည်။

ကော်ဖီတစ်ခွက်လောက်သောက်ထားရင် ကောင်းမယ်ဟု ပိုးသားတွေးမိတော့ မျက်နှာသစ်စရာရှိတာသစ်ပြီးနောက် ရေနွေးတည်ကာ ကော်ဖီဖျော်ဖို့လုပ်နေစဥ် နောက်ကနေ အဖက်ခံလိုက်ရပြီး လည်တိုင်လေးကို အနမ်းခံလိုက်ရသည်။

"ဘာလို့ အစောကြီး ထနေရတာလဲ မရဲ့ ...."

"ရင်တွေခုန်ပြီး တစ်မျိုးကြီး ဖြစ်နေလို့ နိုးလာတာ ..... "

"အဟွန်း ရင်တွေခုန်နေတာကို ကော်ဖီသောက်ဖို့ လုပ်နေတာလား ..... "

"ဒီကော်ဖီက ရင်မတုန်ပါဘူး မောင်ရဲ့
သောက်လို့ကောင်းပါတယ် ..... "

"အဲ့တာဆို မောင့်အတွက်လဲ တစ်ခွက်ဖျော်ပေး ...."

"မျက်နှာရောသစ်ပြီးသွားပြီလား .... "

"ဟင့်အင်း မသစ်ရသေးဘူး .... "

"ဖျော်ထားလိုက်မယ် .... သွား မျက်နှာ သွားသစ် "

ပိုးသား မျက်နှာသွားသစ်ဆိုပြီး ပြောလိုက်တော့ မောင်က ခေါင်းငြိမ့်ပြကာ သူမ ပါးလေးကို လှစ်ခနဲ လှမ်းနမ်းပြီး ရေချိုးခန်းထဲသို့၀င်သွားသည်။

***

မောင် မျက်နှာသစ်ပြီးသွားတော့ သူမတို့နှစ်ယောက် အိမ်ရှေ့ကို အတူတူထွက်လာခဲ့ပြီး ကော်ဖီခွက်လေး နှစ်ခွက်ကို Sofa ရှေ့မှာရှိနေတဲ့ စားပွဲပေါ်မှာ တင်လိုက်သည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now