🍓 အပိုင်း 17 🍓

11.5K 473 5
                                    

The Fragrance of Love

🍓 Part 17 🍓

အိမ်ပြန်ရောက်တော့ သူမကို ခဏလောက် ထပ်အိပ်ခိုင်းပြီး သူတို့ သားအဖကတော့ နေ့လယ်စာနဲ့ ညနေစာအတွက် ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ၀င်လာခဲ့သည်။

ရတု ရေခဲသေတ္တာအပေါ်ထပ်ကို ဖွင့်ကြည့်လိုက်တော့ အသားဘူးချည်းပဲ ၅ဘူးလောက်ရှိသည်။ ဘူးအဖုံးတွေကို ဖွင့်ကြည့်လိုက်တော့ ကြက်သား၊၀က်သား၊ ပုစွန်၊ ငါးဖယ် နဲ့ ပြည်ကြီးငါး ဘူးတွေ ဖြစ်နေ၏။

သူမအား ကိုယ့်ဘာသာ ချက်စားလိုက်မယ်ဟု ပြောလိုက်ပေမယ့်  အမှန်တော့ ရတု ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မချက်တတ်ပါ။

ပုစွန် ငါးဖယ် နဲ့ ပြည်ကြီးငါးတို့က တကယ် ချက်တတ်တဲ့သူချက်မှ စားလို့ကောင်းတာကြောင့် ကြက်သားနဲ့ ၀က်သားထဲက တခုခုကိုပဲ ရွေးချက်လိုက်တော့မည်။

ထို့ကြောင့် ထမင်းစားပွဲတွင်ထိုင်နေသည့် သားလေးအား မေးရန် ရတုနောက်သို့
လှည့်ကြည့်လိုက်သည်။

"သားလေး .... ကြက်သား နဲ့ ၀က်သားဘာစားချင်လဲ .... "

"ကြက်သားစားမယ်ဖေဖေ .... "

"ဒါဆို ကြက်သားကြော် စားမလား သား "

ကြက်သားကြော်ဆိုတာနဲ့ သားက ပျော်သွားဟန်ဖြင့် လက်ခုပ်လေးတီးပြီး ခေါင်းလေးငြိမ့်ပြသည်။

"ကြက်သားကြော် သားသားကြိုက်
ကြိုက် .... "

"သားသားကြိုက်တယ်ဆို ဖေဖေတို့ အခုပဲ ကြက်သားလေး ကြော်ကြမယ်နော် .... "

သားလေးက ကြက်သားကြော်ကြိုက်တယ်ဆိုတော့ ရတုလဲ ကြက်သားကြော်ဖို့ကို ယုံကြည်မှုအပြည့်ရှိသွားရသည်။

ထို့ကြောင့် ရေခဲသေတ္တာထဲမှ ကြက်သားကို ထုတ်ကာ ရေခဲနေတာတွေ မရှိတော့အောင်လို့ ရတု ဘေစင်မှာအရင်ဆေးလိုက်သည်။

ပြီးမှ အိုးထဲကို ဆီထည့်ကာ ဆီပူအောင် အရင်တည်ထားပြီး ကြက်သားကိုတော့ အရသာမှုန့်လေး နည်းနည်းထည့်ပြီး နယ်လိုက်သည်။

အိုးထဲ ကြက်သားထည့်ကြော်သည်နှင့် ဆီက စပေါက်သောကြောင့် ရတုမှာ ဆီပူစင်မှာဆိုး၍ နောက်သို့ ဆုတ်ဆုတ် သွားတိုင်း သားလေးက သဘောကျစွာဖြင့် ခိုးခိုးခစ်ခစ်ရယ်သည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now