🍓 အပိုင်း 5 🍓

11.5K 481 8
                                    

The Fragrance of Love

🍓 Part - 5 🍓

"မေမေ သားသားလေးတို့က ဒီနေ့ဘယ်သွားမှာလဲဟင်...."

"မေမေ့တို့ရုံးက မေမေ့သူငယ်ချင်းတွေနဲ့ သွားတွေ့ကြမှာလေ သားရဲ့ ...."

"အဲ့တာဆို ဟိုဦးဦးရော ပါမှာလားဟင်မေမေ... "

သားလေးရဲ့ မေးခွန်းကြောင့် သားအင်္ကျီလေးကို ကြယ်သီးတပ်ပေးနေသည့်
ပိုးသားရဲ့ လက်ချောင်းတွေဟာ အလိုလို ရပ်တန့်သွားရသည်။

"ဟင်မေမေ .... သားသားလေး မေးတာကို ဖြေဦးလေ .....ဦးဦးရောပါမှာလား
လို့..... "

"ဦးဦးက ဘယ်လိုလုပ်ပါမှာလဲသားရဲ့ ..... ဦးဦးက မေမေ့အထက်အရာရှိလေ.... အခုက မေမေ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ သွားတွေ့မှာဆိုတော့ ဦးဦးမပါဘူးပေါ့ .... သားက ဦးဦးနဲ့ တွေ့ချင်လို့လား ...."

"ဟုတ် "

သားက အမှန်တိုင်း၀န်ခံပြီး ခေါင်းလေးငြိမ့်ပြတော့ ပိုးသား စိတ်ညစ်သွားရသည်။

"သားနဲ့ ဦးဦးက အခုမှ နှစ်ခါပဲ တွေ့ရသေးတာလေ ..... သားက ဦးဦးကို အရမ်းခင်နေပြီလား.... "

"သားသားလေးက ဦးဦးကို ချစ်တာ မေမေရဲ့ .... ဦးဦးနဲ့ သားသားလေးက တူတာတွေ အများကြီးပဲလေ..... "

"သားရယ် "

ပိုးသားမှာ သားစကားကြောင့် ဘာမှဆက်ပြီး မပြောနိုင်တော့လောက်အောင်ဖြစ်သွားရသည်။

သားလေးကို ပိုးသား အသာပွေ့ဖက်လိုက်တော့ သားက ဘာမှနားမလည်ရှာပဲ သူမ ကျောလေးကို လက်သေးသေးလေးတွေနဲ့ ပြန်ပုတ်ပေးနေပြန်သည်။

တကယ်ဆို သူမဘ၀မှာ သားလေးတစ်ယောက်ထဲ ရှိရုံနဲ့ လုံလောက်ခဲ့ပေမယ့်
သားလေးမှာကတော့ အဲ့လိုမဟုတ်ဘူးထင်သည်။

သားက အရာရာကို အရမ်းကြီး နားလည်သိတတ်သည့် အရွယ်မရောက်သေးပေမယ့် သူ့ရဲ့ မသိစိတ်လေးထဲမှာ လိုအပ်နေတာက အဖေတစ်ယောက်ရဲ့ ဂရုစိုက်ကြင်နာမှုများလား ....

သူမရဲ့ အတ္တကြီးမှုတွေကြောင့် သားလေး
သိတတ်တဲ့တစ်ချိန်ကျ နာကျင်ခံစားသွားရရင် .....

🍓 The Fragrance Of Love 🍓Where stories live. Discover now