🍓 အပိုင်း 26 🍓

9.6K 429 4
                                    

The Fragrance of Love

🍓 အပိုင်း 26 🍓

သားလေးအတွက် သားစားချင်နေတဲ့ ဘာဂါနဲ့ Milo အေးအေးလေးတစ်ခွက်မှာပေးလိုက်ပြီး သူမနဲ့ မောင့်အတွက်ကတော့ sandwich တစ်ပွဲ အာလူးချောင်းကြော်တစ်ပွဲနဲ့ လိမ္မော်ရည်နှစ်ခွက်ကိုမှာလိုက်သည်။

"ဒါနဲ့ ညီမလေးတို့က ဘယ်မှာအလုပ်
လုပ်ကြတာလဲဟင်..... ခုဏတုန်းက ပြောနေရင်းနဲ့ စကားစပြတ်သွားလို့လေ ..... ညီမလေးက အလုပ်ရှိလို့ ဆက်ရတုလေးကို လာကြိုတာ အမြဲနောက်ကျတယ်ဆိုပြီး ​ပြောလို့ ဘယ်မှာအလုပ်လုပ်တာလဲဆိုတာ အစ်မကသိချင်သွားတာ .... "

"Kao မှာ လုပ်တာပါ အစ်မ ..... "

"အို .....Kao cosmetic ကိုပြောတာလား ...... "

"ဟုတ်ပါတယ် .... "

"ဟယ် အစ်မက Kao ရဲ့ ပင်တိုင်စံ customer သိလား ..... အရမ်းကြိုက်ပြီး အစ်မနဲ့လဲ သုံးရတာအဆင်ပြေလို့ ဘယ် product ပဲထွက်ထွက် အစ်မက အကုန်၀ယ်တာ ..... အစ်မရဲ့ ညီမ တစ်၀မ်းကွဲကလဲ Kao မှာပဲ လုပ်တာ ..... သူကတော့ HR ဘက်ကလို့ ပြောတယ် ..... ညီမလေးကရောဟင် ..... "

"Marketing ဘက်ကပါ ..... "

"ဪ ကောင်းတယ် ကောင်းတယ်.... ဒါနဲ့မောင်လေးကရော Kao ကပဲလားဟင်...."

ထိုမိန်းမ မေးနေတာတွေတစ်ခုချင်းစီကို မ က အလိုက်သင့်ဖြေပေးနေရပြီး ရတုကတော့ ယောကျာ်းနဲ့ကလေးရှိနေတာတောင် သူ့အားကြည့်နေသည့် ထိုမိန်းမရဲ့အကြည့်တွေက ရဲတင်းလွန်းတာကြောင့်
အကြည့်ချင်း မဆုံမိစေရန် မျက်နှာသာ လွှဲထားမိသည်။

ထိုစဥ် မ ကို မေးနေရာကနေ သူ့ဘက်ကိုလှည့်လာသောအခါ ရတု စိတ်ညစ်သွားရသည်။

"ဖေဖေကလဲ အတူတူပဲ အန်တီရဲ့ .....ဖေဖေနဲ့ မေမေက ကုမ္ပဏီတစ်ခုထဲမှာ အတူတူလုပ်တာ .... ဖေဖေက အမ်ဒီ .... "

သားရဲ့ အမ်ဒီဆိုသော အပြောမှာ ထိုမိန်းမရဲ့မျက်လုံးတွေဟာ ပြူးကျယ်သွားရပြီး
အိန္ဒြေမဆည်နိုင်လောက်အောင် သူ့ကို အံ့အားတကြီး ကြည့်လာသည်။

"MD ဟုတ်လား .... မောင်လေးက တကယ်ပဲ Kao ရဲ့ MD လားဟင် .... "

ရတု စိတ်မသက်မသာဖြစ်စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးအား ခေါင်းငြိမ့်ပြလိုက်ရသည်။  ဟိုဘက်က အမျိုးသားဆိုတဲ့ သူကို ကြည့်လိုက်တော့လဲ သူ့မိန်းမဖြစ်သူကို မလွန်ဆန်နိုင်သည့်ပုံစံမျိုးဖြင့် ဘာမှ၀င်မပြောဘဲ ဖျော်ရည်ကိုသာ ငုံ့သောက်နေတာကြောင့် ရတု အသံတိတ် သက်ပြင်းချလိုက်မိသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now