🍓 အပိုင်း 32 🍓

9.3K 343 5
                                    

The Fragrance of Love

🍓 အပိုင်း 32 🍓

မနက်စာ စားပြီးသွားကြသောအခါ သူမတို့မိသားစုရယ် ၊ ခခတို့မိသားစုရယ်က Seoul ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Seoul Tower ဟုခေါ်သည့် Namsan Tower ဆီသို့ အရင်သွားခဲ့ကြသည်။

ဟိုရောက်တော့ ခခတို့က သူမတို့အတွက်ပါ လက်မှတ်တွေကို အရင်ဖြတ်လိုက်၍ ပိုးသား အားနာလို့ ပြန်ပေးမယ်လုပ်တော့ ခခက လုံး၀မယူပါ။

သားကတော့ ဂျီဂျီလေးရဲ့ရန်ကို ကြောက်လို့ သူ့အဖေကို တစ်ချိန်လုံးချီခိုင်းထားပြီး မောင့်ကိုယ်ပေါ်ကနေ လုံး၀မဆင်းတော့ပေ။ ဒါကိုပဲ ဂျီဂျီလေးက မကျေနပ်ဟန်ဖြင့် သားအား ခပ်စူးစူးလေး လှမ်းလှမ်းကြည့်တတ်သည်။

Cable Car စီးမယ်လုပ်တော့ ယောကျာ်းလေးနှစ်ယောက်ဖြစ်တဲ့ သားနဲ့ ဘုံဘုံက
ကြောက်နေသလောက် ဂျီဂျီလေးကတော့ မိန်းကလေးပီပီ ဟန်ချီချီ လှစ်ခနဲဆိုသလို အထဲကိုရောက်သွားပြီး အရင်နေရာယူလေသည်။

ပိုးသားမှာတော့ သွက်လွန်းသည့် ဂျီဂျီလေးကို ကြည့်ပြီး သဘောကျလို့မဆုံးပေ။

ခခလေးက ကိုယ်၀န်နဲ့ဆိုတော့ သူတို့အဖေ မိုးစျေကပဲ ကလေး၂ယောက်လုံးကို နောက်ကနေ လိုက်ထိန်းနေရတာဖြစ်၏။

တကယ့်တကယ်တမ်း Cable car စီးတဲ့အခါမှာတော့ ကလေး ၃ယောက်လုံးမှာ အပေါ်စီးကနေမြင်နေရတဲ့ Seoul မြို့ရဲ့အလှကိုကြည့်ပြီး အံ့သြမှင်သက်နေကြသည်။

Tower ဆီကိုရောက်တော့ သူမတို့တွေလှည့်ပတ်ကြည့်ရှုနေကြရင်း သော့လေးတွေ ချိတ်တဲ့နေရာဆီကိုရောက်လျှင် သော့ရောင်းသည့်ဆိုင်တွင် သော့လေးတွေ၀ယ်ကာ မောင်နဲ့ ပိုးသားက သော့လေးတစ်ခု၊ မိုးစျေနဲ့ ခခက သော့လေးတစ်ခု အတူတူ ချိတ်ကြသည်။

ဂျီဂျီလေးကလဲ သားနဲ့ အတူတူချိတ်ချင်တယ်ဟုပြောတော့ သားက အချိတ်မခံဘဲ ခေါင်းကိုသာ တွင်တွင်ခါပြီးငြင်းဆန်သည်။

သားလေးက လက်မခံတော့ဂျီဂျီလေးက အလိုမကျစွာနှင့်ကောက်ချိတ်ငိုယိုလေတော့၏။

နောက်ဆုံးမှာတော့ အားလုံးအဆင်ပြေသွားအောင်လို့ သူမတို့လူကြီးတွေမှာ သားအတွက် တစ်ခု၊ ဂျီဂျီအတွက်တစ်ခု၊ ဘုံဘုံအတွက် တစ်ခုဆိုပြီး သော့လေး ၃ခုကို အစဥ်လိုက်လေး ချိတ်ပေးလိုက်မှ ဂျီဂျီလဲ ကျေနပ်သွားသလို သားနဲ့ဘုံဘုံတို့လဲ သဘောကျသွားရသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now