🍓 အပိုင်း 16 🍓

11.8K 471 6
                                    

The Fragrance of Love

🍓 Part-16 🍓

မရပ်တန့်နိုင်ဘဲ တဒူဒူနဲ့ မြည်နေသော ဖုန်းသံကြောင့် ရတု အိပ်ရာဘေးရှိ စားပွဲပေါ်မှ ဖုန်းကိုလှမ်းယူပြီး ကြည့်လိုက်ရသည်။

ဖုန်းခေါ်နေသူက သူမ ဖြစ်နေတာကြောင့်
မနည်းဖွင့်နေရသည့် သူ့မျက်လုံးတွေဟာ
ချက်ချင်းကိုအိပ်​ချင်ပြေသွားရပြီး အိပ်ရာမှ ငေါက်ခနဲဆိုသလို ထထိုင်လိုက်မိတဲ့အထိပင်။

နာရီကို ကြည့်မိတော့ မနက်၆နာရီခွဲပဲ ရှိသေးသည်။

"ဟဲလို "

"ဟဲလို ဖေဖေလား .... "

ဖုန်းထဲမှ ထွက်လာသည့် သားရဲ့ အသံ သေးသေးလေးကြောင့် ရတု အံ့သြသွားရသည်။

"သားလေးလား .... "

"ဟုတ် သားသားလေး .... ဖေဖေ "

"သားက အစောကြီး နိုးနေတာလား .... မေမေရော ...  "

"မေမေ နေကောင်းဘူး ဖေဖေ ...  ကိုယ်တွေများကြီး ပူနေတယ် ...  "

"ဟုတ်လား သား .... "

"သားသားလေး မေမေ့ကို နှိုးတော့ မေမေက မထနိုင်ဘူး .... "

"အေးအေးသား .... အဲ့တာဆို ဖေဖေ အခုချက်ချင်း လာခဲ့မယ်နော် ... ခဏလေးစောင့် ..... မေမေ့နား အရမ်းမကပ်နဲ့နော် .... သားလေး အဖျားကူးသွားလိမ့်မယ် သိလား ... "

"ဟုတ် ဖေဖေ မြန်မြန်လာခဲ့နော် ...  "

"အေးအေး ... ဖေဖေလာပြီ လာပြီ ... "

ရတု အိပ်ရာပေါ်မှာ စောင်တွေနဲ့ လုံးထွေးနေတာမို့  စောင်ကို အရင်ဖယ်ထုတ်ပြီးရေချိုးခန်းဆီသို့ ချက်ချင်းပြေးရသည်။

မြန်မြန်ရေချိုး မျက်နှာသစ်ပြီးတာနဲ့ အင်္ကျီလဲကာ ခေါင်းတောင်မဖြီးနိုင်တော့ဘဲ အခန်းထဲမှ ထွက်ခဲ့သည်။

အောက်ထပ်ရောက်တော့ မေမေနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး အစောကြီး အပြင်သွားရန် လုပ်နေသည့် သူ့ကို မေမေက အံ့သြတကြီးဖြင့် မေးလာသည်။

"သား အစောကြီးရှိသေးတာကို ဘယ်သွားမလို့လဲ ... "

"အစ်မဆီ သွားမလို့ မေမေ ....အစ်မ ဖျားနေတယ်ဆိုပြီး သားလေးက အခုလေးတင် ဖုန်းဆက်လာလို့.... ဖေဖေမြန်မြန်လာခဲ့ပါတဲ့ .... "

🍓 The Fragrance Of Love 🍓Where stories live. Discover now