🍓 အပိုင်း 27 🍓

10.2K 421 6
                                    

The Fragrance of Love

🍓 အပိုင်း 27 🍓

ပိုးသား သားလေးနဲ့အတူ မနက်စာစားနေရင်း အိမ်ရှေ့မှ bell တီးသံကြားလို့ သွားဖွင့်ကြည့်တော့ ဘယ်သူမှ မရှိဘူး ဖြစ်နေသည်။

ဟင် ဘယ်သူကများ လက်သရမ်းပြီး သူများအိမ်က bell ကို တီးသွားရတာလဲ မသိဘူး ။

ဘယ်သူမှရှိမနေ၍ ပိုးသား တံခါးကို ပြန်ပိတ်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ မောင်က ၀ါးခနဲဆိုပြီး သူမအား လှမ်းခြောက်လိုက်တာကြောင့် ပိုးသားလန့်သွားရသည်။

သူမ လန့်သွားတာကို မြင်တော့ မောင်က
တဟားဟားနဲ့ အော်ရယ်ပါတော့သည်။

"မောင်ရယ် လန့်လိုက်တာ.....ကလေးမဟုတ်သူငယ်မဟုတ် ဒီလိုစစရာလား.... "

"အဟွန်းဟွန်း.... အဲ့လိုမျိုးလေးလုပ်ချင်လို့ မောင်က တမင် bell တီးပြီး အုတ်နံရံနားမှာ ကပ်နေတာ....."

"အစောကြီးရှိသေးတယ် ဘာလာလုပ်ပြန်တာလဲ ..... "

"မျက်နှာလေးမြင်ချင်လို့ အစောကြီး ရောက်လာရတဲ့ ယောကျာ်းကို အဲ့လိုပဲ မောင်းထုတ်တယ်ပေါ့ .... "

"ကဲပြောပါ .... ဘာကိစ္စနဲ့ အခုလိုအစောကြီး ရောက်လာရပြန်တာလဲ ..... "

ပိုးသားမောင့်ကို သော့ဖွင့်ပေးလိုက်လျှင် မောင်က အိမ်ထဲ၀င်လာကာ သူ့လက်ထဲကိုင်ထားသည့်ဖိတ်စာအိတ်လေးကို မြှောက်ပြလာသည်။

"ဖိတ်စာတွေရပြီလေ မရဲ့ .... "

"အွန်းလေ ဖိတ်စာရတာကို မောင့်ညက ဖုန်းထဲမှာပြောတယ်လေ ဘာဖြစ်လို့လဲ .... "

"အဲ့တာလာပြတာ ..... "

"ကုမ္ပဏီမှာပြလဲ ဖြစ်တာကို မောင်ကလဲ .... ဘာလို့ ဒီအထိ ရောက်လာရတာလဲ .... "

" မတို့သားအမိနဲ့ တွေ့ချင်လို့ အကြောင်းပြချက်ယူလာတာလေ .... ဒီမှာ
ရုံးတက်ဖို့ ၀တ်စုံတောင် ယူလာသေးတယ်.... မောင်ဒီကနေပဲ ကုမ္ပဏီကိုသွားမှာ.... လောလောဆယ် မနက်စာတောင်မစားလာရလို့ ဗိုက်ဆာနေပြီ..... မ ဘာချက်ထားလဲ.... "

"ထမင်းချိုင့်အတွက်က မကျက်သေးဘူး 
..... မနက်စာက ထမင်းကြော်နဲ့ ကြက်ဥကြော် .... "

🍓 The Fragrance Of Love 🍓Where stories live. Discover now