🍓 အပိုင်း 8 🍓

11.6K 501 7
                                    

The Fragrance of Love

🍓 Part-8 🍓

ရတုနဲ့ မမိုး သူမပြောသည့်ဆေးရုံသို့
အမြန်လိုက်သွားကြပြီး Reception မှာကလေးနာမည်ပြောပြီး မေးကြည့်တော့ ကလေးက ခွဲစိတ်ခန်းထဲမှာဆို၍ operation room ဆီပြေးရပြန်သည်။

Operation room ရှေ့ရောက်တော့
မျက်ရည်တွေနဲ့ သူမရဲ့ ဆောက်တည်ရာ
မရဖြစ်နေသည့် ပုံစံကို မြင်လိုက်ရခြင်းက
ရတု နှလုံးသားကို ခပ်ကြမ်းကြမ်း လှုပ်ရမ်းလိုက်သလိုမျိုး နာကျင်သွားစေသည်။

မမိုးရော ရတုရော သူမအနားပြေးသွားကာ.....

"ပိုးသား ကလေးအဆင်ပြေလား အခုထိခွဲခန်းထဲမှာပဲလား ..... "

"မပိုးသားဖြူ ဆက်လေးက ဘယ်လိုဖြစ်တာလဲ .... "

သူမက သူတို့၂ယောက်ကို မြင်မှ အားကိုးရာရသွားသည့် မျက်၀န်းလေးများဖြင့်....

"MD .....မမိုး.... သားကို ကယ်ပါဦး.... သားလေး အရေးတကြီးသွေးလိုနေလို့လေ အဲ့တာ သွေးအမျိုးအစားရှားလို့ဆိုပြီး သွေးက ဆေးရုံမှာရှာမရဘူးဖြစ်နေတယ်....သားလေးကိုကယ်ပါဦးနော်.... "

သူမက ရှိုက်ကြီးတငင်ငိုပြီး ပြောနေတာကြောင့် ရတု သူမပခုံးလေးကို ဆုပ်ကိုင်လိုက်ပြီး....

"စိတ်ကို အေးအေးထားပါ မပိုးသားဖြူ... ဆက်လေးရဲ့ သွေးက ဘာအမျိုးအစားလဲ.... "

"AB .... AB negative ပါ MD "

"ဒါဆို ကျွန်တော်နဲ့တူတာပဲ.... ကျွန်တော်လဲ AB negative ပဲ ကျွန်တော်လှူမယ် နော်...."

"အဲ့...အဲ့တာဆို ကျွန်မ ဆရာမလေးကို သွားပြောလိုက်မယ်နော် ...."

သူနဲ့ သွေးအုပ်စုတူတယ်လို့ ရတု ပြောလိုက်တဲ့အချိန်မှာ သူမမျက်၀န်းလေးတွေဟာ ရေနစ်နေချိန် ကူကယ်ရာတွေ့သွားသလိုမျိုး လင်းလက်သွားပြီး သွေးလှူဖို့ကို အပြေးအလွှားသွားပြောလေတော့သည်။

ထို့နောက် ကလေးအတွက် လိုအပ်သည့် သွေးကို ရတုလှူနေချိန်မှာ သူမနဲ့ မမိုးကတော့ ခွဲစိတ်ခန်းရှေ့မှာပဲ ရှိနေခဲ့သည်။

သွေးလှူနေရင်း ရတုမျက်၀န်းတွေကို မှိတ်ထားလိုက်မိသည်။

သွေးအမျိုးအစားပါတူနေခဲ့တာဆိုတော့ ဆက်လေးက သူ့ရဲ့ သားလေးဆိုတာ ကျိန်းသေနေခဲ့ပါပြီ။

🍓 The Fragrance Of Love 🍓Where stories live. Discover now