🍓 အပိုင်း 33 🍓

9.6K 379 7
                                    

The Fragrance of Love

🍓အပိုင်း 33 🍓

ကိုရီးယားမှာ ၄ရက်အကြာ ပျော်ရွှင်စွာလည်ပတ်ခဲ့ကြပြီးတဲ့နောက်မှာတော့ မွေးရပ်မြေသို့ သူမတို့မိသားစု ပြန်လာခဲ့ကြသည်။

Honeymoon မှ ပြန်လာတော့ သူမတို့ သားအမိမှာ မောင်တို့ အိမ်ကို ပြောင်းလာခဲ့ရသည်။ သူမနဲ့ သားလေး အရင်နေခဲ့တဲ့ တိုက်ခန်းလေးကိုတော့ လောလောဆယ်မှာ သော့ပိတ်ထားရသည်။

လူမနေတာ ကြာမှာဆိုးလို့ မောင်ကတော့ နောက်မှ သူ အိမ်ငှားရှာပေးမယ်ဟု ပြောသည်။

သူမတို့ Honeymoon ထွက်နေချိန်မှာ
မောင့်မေမေက မောင့်အခန်းကိုပဲ နည်းနည်းလေးထပ်ချဲ့ကာ မင်္ဂလာဦးအခန်းအဖြစ် ပြင်ဆင်ပေးခဲ့၏။

သားလေးကိုတော့ အဘိုးနဲ့အဘွားအခန်းထဲပဲ သိပ်မယ်ဆိုပြီး သူတို့အခန်းထဲမှာပဲ သားအတွက် ခုတင်လေးဆင်ပြီး အရုပ်လေးတွေ ၀ယ်ထည့်ကာ သားလေးအတွက် ပြင်ဆင်ပေးထားသည်။

ယောက္ခမတွေနဲ့ အတူတူနေရတာ ချွေးမ တော်တော်များများအတွက် အဆင်မပြေကြပေမယ့် ပိုးသားမှာတော့ တော်တော်လေးကို အလုပ်ပေါ့သွားရပြီး အေးအေးဆေးဆေးဖြစ်သွားရ၏။

သားနဲ့ ၂ယောက်ထဲနေရတုန်းကဆို သူမမှာ အလုပ်ကတစ်ဖက် သားကတစ်ဖက် အိမ်မှုကိစ္စတွေကတစ်ဖက်နဲ့ တစ်နေ့တစ်နေ့ လုံးလည်ချာလည်ကို လိုက်နေရတာ ။

အခုတော့ သားကိုလဲ မေမေတို့ကချည်း ထိန်းပေးနေပြီး အိမ်မှုကိစ္စတွေဆိုလဲ ဟင်းချက်တဲ့နေရာလောက်ပဲ သူမက ၀င်ပြီး ကြီးကြပ်ရတော့တာဖြစ်၍ ပိုးသားမှာတကယ်ကို ကြော့ကြော့လေးဖြစ်သွားရသည် ။

မနက်အလုပ်သွားရင်လဲ အလျင်စလိုလုပ်စရာ ဘာမှမရှိတော့ပေ။

အခုလဲ ညစာစားပြီးတာနဲ့ အိပ်ရာပေါ်မှာ အေးအေးဆေးဆေး စာအုပ်လေး ထိုင်ဖတ်နေတာဖြစ်၏။

မောင့်ကို လှမ်းကြည့်တော့ မောင်က
laptop တစ်လုံးနဲ့ အလုပ်တွေ ရှုပ်နေလေသည်။

ပိုးသား စာအုပ်ထဲမှာ စျာန်၀င်နေတုန်းပဲရှိသေးသည် စားပွဲပေါ်တင်ထားသည့် ဖုန်းက မြည်လာတာမို့ ယူပြီး ကြည့်လိုက်တော့ မြေနီကုန်းဆိုင်ခွဲမှ အရောင်းကိုယ်စားလှယ် ကိုစည်သူ ဖြစ်နေသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now