🍓 အပိုင်း 21 🍓

10.8K 435 9
                                    

The Fragrance of Love

🍓 အပိုင်း 21 🍓

သားလေးရဲ့ ပထမဦးဆုံး အတွေ့အကြုံ ဖြစ်တာရော .... ပြီးတော့ သားကို
ဘယ်အချိန်မှာ မင်းသမီးဆီ ဘယ်လိုပြေးသွားရမယ် .... ဘယ်အချိန်ရောက်ရင် ဖက်လိုက်ရမယ်ဆိုတာကို သေချာ
မသင်ပေးလိုက်ရတာကြောင့် တကယ့်တကယ် ရိုက်ကူးရေး စပြီးလုပ်သည့်အချိန်မှာ ပိုးသား စိတ်တွေလှုပ်ရှားနေခဲ့ရသည်။

ကိုယ့်သားလေးကြောင့် မင်းသမီး ဆူးဒါလီ အပါအ၀င် ကျန်တဲ့ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး စိတ်အနှောင့်အယှက်ဖြစ်သွားရမှာမျိုး မဖြစ်စေချင်ပါ။

သားရဲ့ အဘိုးနဲ့ အဘွားကိုယ်တိုင် ရိုက်ကွင်းကို လာကြည့်တာဆိုတော့ သားလေးတော့ မသိ ပိုးသားကတော့ Stress တွေ ဖြစ်ပြီး ခြေဖျားလက်ဖျားတွေပင် အေးလာရသည်။

ဒါကို သူမဘေးနားမှာ ရပ်နေသည့် မောင်က ရိပ်မိသည်ထင်သည်။ သူမလက်ကလေးကို ဖျတ်ခနဲ လာဆုပ်ကိုင်ပြီး
ဘာမှမဖြစ်ဘူး အဆင်ပြေသွားလိမ့်မယ်
ဆိုသော အပြုံးလေးဖြင့် ပြုံးပြလာသည်။

လူတွေမြင်သွားမှာဆိုး၍ ပိုးသား ဘေးဘီကို ၀ဲကြည့်လိုက်တော့ လူတိုင်းက ကြော်ငြာရိုက်ကူးရေးကိုပဲ အာရုံစိုက်နေကြလို့ တော်သေးသည်။

မောင်ကလဲ အဲ့တာကြောင့်ပဲ ဒီလောက်အထိ အတင့်ရဲနေတာလား မပြောတတ်ပေ။

ဒါရိုက်တာကြီးက ကဒ်ဟုအော်လိုက်သည့် အချိန်မှ ပိုးသားအာရုံတွေက သားလေးဆီသို့ ပြန်ရောက်လာသည်။

ဒါရိုက်တာကြီးက သဘောကျစွာဖြင့် တဟားဟား အော်ရယ်ရင်း လက်ခုပ်လဲ တဖြောင်းဖြောင်းတီးသည်။ သားလေးကလဲ မင်းသမီးဆူးဒါလီနဲ့ စကားတွေပြောပြီး ဘာတွေသဘောကျနေလဲ မသိပေ။

ဒါရိုက်တာကြီးက မောင့်ဘက်လှည့်လာတော့မှ မောင်က ပိုးသားလက်ကို ဖြုတ်ပေးသည်။

"ကလေးလေးက ချစ်ဖို့ကောင်းပြီးတော်လိုက်တာ MD ရာ ..... ကျွန်တော်က
ကလေးသရုပ်ဆောင်အဆင်မပြေဘူး
ဆိုတာ ကြားထားတော့ ဘယ်လိုတွေ ဖြစ်ဦးမလဲ တွေးနေတာ..... အခုတော့ မင်းသမီးရော ကလေးလေးရော နောက်တစ်ခေါက် ထပ်ရိုက်စရာမလိုတော့လောက်အောင် စိတ်တိုင်းကျပြီး အားလုံး perfect ပဲ ....  ဒါနဲ့ ကျွန်တော် ကလေး မိဘနဲ့ တွေ့လို့ရမလား MD .... "

🍓 The Fragrance Of Love 🍓Where stories live. Discover now