🍓 အပိုင်း 12 🍓

11.9K 463 8
                                    

The Fragrance of Love

🍓 အပိုင်း 12 🍓

မနက်စာစားပြီး ခဏအကြာမှာပဲ သားကို ပိုးသား ရေချိုးပေးချိန် သူကရေချိုးခန်းရှေ့မှာလာရပ်သည်။

"သားလေး ရေချိုးလို့ပြီးသွားရင် ကျွန်တော်ပဲ အင်္ကျီလဲပေးလိုက်မယ် အစ်မ ..... အစ်မပြီးရင် ရေချိုးမှာမလား....အစ်မလုပ်စရာရှိတာသာ အေးဆေးလုပ်နော်....."

"ဟိုဖြစ်ပါ့မလား MD "

"ဖြစ်ပါတယ် အစ်မရဲ့ ..... သားလေး မူကြိုသွားဖို့အတွက် ကျွန်တော် ပြင်ဆင်ပေးဖူးချင်လို့ပါ....လာသား ဖေဖေနဲ့ မူကြိုသွားဖို့ ပြင်ကြမယ်နော်.... "

ရေချိုးလို့ပြီးသွားတဲ့ သားလေးကို ရတု လိမ္မော်ရောင်ကိုယ်သုတ်တဘက်လေးနဲ့ပတ်ကာ ပွေ့ချီလိုက်သည်။

သူပွေ့ချီသွားတဲ့ လမ်းတစ်လျှောက်မှာ သားလေးက သဘောကျစွာဖြင့် တခစ်ခစ်ရယ်ပြီး ပါလာ၏။

အခန်းထဲရောက်တော့ ရတု သားလေးကို မှန်တင်ခုံလေးပေါ်တင်လိုက်သည်။

မှန်တင်ခုံပေါ် မှာတော့ ကျောက်ပြင်၊သနပ်ခါးတုံးလေးနဲ့ သူမရဲ့ Cosmetic ပုလင်းတစ်ချို့ရယ် သားရဲ့ babi mild ဘူးလေးတွေရယ်ကို အစီအရီစီထားသည်။

"သားက မူကြိုသွားရင် သနပ်ခါးလူးသွားတာလား "

"ဟုတ် သနပ်ခါးလူးသွားတာ ဒယ်ဒီ.....
သားသားလေးကို မေမေက သနပ်ခါးလူးပေးတယ် .... ပါးကွက်လေးတွေလဲ ကွက်ပေးတယ်.... "

"ဖေဖေက ပါးကွက်လေးတွေတော့ မကွက်တတ်ဘူး သားရဲ့ .....သနပ်ခါးလေးပဲလူးပေးမယ်လေနော်.... ရတယ်မလား "

သားက ရတုအား ခေါင်းလေး ငြိမ့်ပြသည်။ ရတု သားရဲ့ babi mild ဘူးလေးတွေကို ကြည့်ပြီး လိမ်းပေးစရာရှိတာလေးတွေကို အဆင့်ဆင့် အရင်လိမ်းပေးလိုက်သည်။

ပြီးမှ သူသွေးထားသည့် သနပ်ခါးကို သားရဲ့ မျက်နှာလေးပေါ်မှာ မှုန်မှုန်လေးဖြစ်အောင် လူးပေးလိုက်သည်။

နောက်ဆုံးအနေနဲ့ တစ်ကိုယ်လုံး ပေါင်ဒါလေးလူးပေးလိုက်ပြီးတဲ့အခါမှာတော့
သားကိုယ်လုံးလေးဟာ တကယ်ကို မွှေးကြိုင်ပြီး ဘယ်နေရာနမ်းနမ်း နမ်းချင်စဖွယ်ဖြစ်နေတော့သည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now