🍓 အပိုင်း 30 🍓

10.9K 386 6
                                    

The Fragrance of Love

🍓 အပိုင်း 30 🍓

မောင်နဲ့ သူမရဲ့ မင်္ဂလာဦးညကို ဖြတ်သန်းမယ့် ဟိုတယ်အခန်းက အထပ်မြင့်ကြီးမှာရှိနေတာကြောင့် ရန်ကုန်ရဲ့ Night View ကို အပေါ်စီးမှ သေသေချာချာမြင်နေရသည်။

မောင်က သူမကို အနောက်ကနေ သိုင်းဖက်ထားပြီး နှစ်ယောက်လုံး ၀ိုင်ခွက်ကိုယ်စီကိုင်ထားကာ မှန်အပြည့်တပ်ထားသော တံခါးနားကနေ မြို့အလှကို
ကြည့်နေမိသည်။

မောင်က သူမကို နောက်ကနေ ဖက်ထားရင်းနဲ့ လည်တိုင်တစ်လျှောက်ကိုလဲ နူးနူးညံ့ညံ့လေး နမ်းရှိုက်နေသည်။

နောက်တော့ သူမတို့လက်ထဲမှ သိပ်မကျန်တော့သည့်  ၀ိုင်ခွက်လေးတွေကို မောင်ကယူပြီး စားပွဲပေါ် သို့ လှမ်းတင်ကာ စွေ့ခနဲဆိုသလို သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။

၀ိုင်အရှိန်လေးနဲ့ ရီဝေဝေဖြစ်နေပြီဖြစ်တဲ့
သူမကလဲ မောင့်ခါးကို ခွလျက်အနေအထားဖြင့် မောင့်အားပြန်ပွေ့ဖက်ကာ မောင့်ရဲ့ နှုတ်ခမ်းလေးကိုပါ လှမ်းပြီး စုပ်နမ်းလိုက်မိ၏။

မောင်က သူမကိုယ်လေးကို အိပ်ရာပေါ် သို့ ငြင်သာစွာချပေးပြီးလျှင်  ၂ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြသည်။

ပြီးလျှင် အနမ်းတွေကို ပြန်ဆက်ကာ မောင်က သူ့ကိုယ်ပေါ်မှာ ရှိနေတဲ့ ရှပ်အင်္ကျီကို အရင်ဆွဲချွတ်လိုက်ပြီး  သူမကိုယ်ပေါ်မှာရှိနေတဲ့ ပိုးသားဂါ၀န်လေးကိုလဲ နောက်ဇစ်ကို ဆွဲချလိုက်ကာ ချွတ်စေသည်။

ထို့နောက်မှာတော့ အနမ်းတွေကို ရှေ့ဆက်ကာ အချစ်ညလေးကို နှစ်ယောက်အတူ ဖြတ်ကျော်ရင်း အချိန်တွေကုန်ဆုံးဖြစ်ခဲ့သည်။

🍓    🍓    🍓     🍓    🍓    🍓   🍓

ပြတင်းတံခါးဆီမှ စူး၀င်လာသည့် နေရောင်ခြည်ကြောင့် ရတု မျက်လုံးကို လက်နဲ့ ကာထားလိုက်ပြီး အိပ်ရာမှ နိုးလာရသည်။

သူ့ရင်ခွင်ထဲ တိုး၀င်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မကို မြင်တော့ သူ့နှုတ်ခမ်းတွေ အလိုလို ပြုံးယောင်သမ်းသွားရသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now