🍓 အပိုင်း 13 🍓

11.2K 472 10
                                    

The Fragrance of Love

🍓 အပိုင်း 13 🍓

ရတု ကားပါကင်ထိုးပြီးတာနဲ့ သားလေးရဲ့လက်ကိုဆွဲကာ Plaza ထဲသို့ ၀င်လာခဲ့သည်။

"ဖေဖေ သားသားလေးတို့က အခု
ဘာသွား၀ယ်ကြမှာလဲဟင်.... "

"ဖေဖေမနက်ကပြောတဲ့ နာရီသွား၀ယ်မလို့လေ သားရဲ့ ..... ပြီးရင် မေမေနဲ့ သားသားအတွက် အင်္ကျီလှလှလေးတွေလဲ သွား၀ယ်ကြမယ် .... "

"မေမေအတွက်လဲ ပါတာလား ဖေဖေ... "

"ဒါပေါ့ မေမေအတွက်ပါ ဖေဖေက ၀ယ်ရမှာပေါ့ သားရဲ့ .... "

"ဖေဖေက မေမေ့ကို ဘာလို့၀ယ်ပေးမှာလဲ....ချစ်လို့လားဟင် "

သားက မေးတော့ ရတု လျှို့၀ှက်စွာ ပြုံးလိုက်ပြီး သားလေးကို ငုံ့ကြည့်လိုက်သည်။

"သားက ဘယ်လိုထင်လို့လဲ .... "

"သားသားလေးကတော့ ချစ်လို့ ပဲလို့ထင်တယ်ဖေဖေ ... သားသားလေးကိုဆိုလဲ မေမေ့အသိသူငယ်ချင်းတွေက ချစ်လို့ဆိုပြီး တစ်ခါတလေကျရင် အင်္ကျီ၀ယ်ပေးတယ်လေ......"

သားပြောတာလေးကို သဘောကျလို့ ရတု
ဟက်ဟက်ပက်ပက်ရယ်လိုက်မိပြီး သားကို ပွေ့ချီလိုက်သည်။

"အဟွန်းဟွန်း ဟုတ်တာပေါ့ ဖေဖေ့သားလေးပြောတာမှန်တယ်.... ဖေဖေက မေမေ့ကို ချစ်လို့ ပိုးကြေးပန်းကြေးအနေနဲ့ လက်ဆောင်၀ယ်ပေးမှာ ...... "

သားက သူပြောတာကို သဘောကျပြီး
ခိုးခိုးခစ်ခစ် ပြန်ရယ်သည်။

သားနဲ့ ရတု နာရီဆိုင်လေးကိုအရင်၀င်ပြီး ကလေးနာရီလေးတွေထဲမှ သား ကြိုက်ရာကို ရတုရွေးစေသည်။

သားကြိုက်တဲ့နာရီလေး တွေ့သွားပြီဆိုမှ ထိုနာရီလေးကိုယူပြီး ငွေရှင်းကာ ရတုတို့သားအဖ နာရီဆိုင်ထဲမှပြန်ထွက်လာကြသည်။ 

ထို့နောက် သားနဲ့ သူနဲ့ အင်္ကျီ၀ယ်ဖို့အတွက် အင်္ကျီဆိုင်ကြီးတစ်ဆိုင်ထဲသို့ ၀င်လိုက်ကြသည်။

ထိုဆိုင်က ကြီးလဲကြီးသလို အမျိုးသား၀တ် ၊ အမျိုးသမီး၀တ် နဲ့ ကလေး၀တ် အကုန်အစုံရှိပြီး အမျိုးအစား တော်တော်လေးစုံသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now