🍓 အပိုင်း 28 🍓

9.7K 415 4
                                    

The Fragrance of Love

🍓 အပိုင်း 28 🍓

ရတု သားလေးနဲ့အတူ မ ကို စောင့်နေရင်း ဖုန်းထဲ message ၀င်လာတာမို့ ကြည့်လိုက်တော့ အယ်လာဆီက ဖြစ်နေသည်။

Noti တက်လာတာက စာအပြည့်မပေါ်တာကြောင့် ဘာရေးထားလဲဆိုတာ သိရအောင် App ထဲ ၀င်ပြီး ဖတ်ကြည့်လိုက်တော့ ရတုလက်ထဲမှ ဖုန်းကလွတ်ကျမတတ် ဖြစ်သွားရသည်။

"ကိုကို အယ်လာကို ညာတယ်.... ဒီအခြေအနေတွေအထိ ဖြစ်ခဲ့တာကို အယ်လာကို ဘာလို့ တစ်ခုမှ မပြောပြခဲ့ရတာလဲ ..... အဲ့မိန်းမနဲ့ ကလေးကို
ကိုကို ဘယ်လောက်ထိချစ်တယ်ဆိုတဲ့ သတင်းတွေကြားပြီး အယ်လာ ဘယ်လောက်ထိရင်ကွဲခဲ့ရလဲ ကိုကိုသိလား.... မုန်းတယ် မုန်းတယ် .... ကိုကို့ကိုလဲ မုန်းတယ် .... အဲ့မိန်းမကိုလဲ မုန်းတယ်.... ကိုကိုသိပ်ချစ်ပါတယ်ဆိုတဲ့
အဲ့ဒီမိန်းမကို အယ်လာကိုယ်တိုင် သတ်ပစ်မှာ ..... ကိုကို စောင့်ကြည့်နေလိုက် "

အယ်လာရဲ့ message ကို ဖတ်ပြီးပြီးချင်း ရတု ချက်ချင်း အယ်လာဆီကို ဖုန်းလှမ်းဆက်တော့ ဖုန်းက စက်ပိတ်ထားသည်။

အယ်လာကို ဖုန်းခေါ်မရ၍ Sh*t ဆိုပြီး ရတု ဆဲရေးလိုက်မိသည်။

Message က အခုလေးတင် ၀င်လာတာမို့ ကားမောင်းနေတဲ့ မ အတွက် ရတုအရမ်းကို စိတ်ပူသွားရပြီး မ ဆီကို ဖုန်းခေါ်ကြည့်တော့လဲ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါနဲ့ တိုးနေပြန်သည်။

မရယ် ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ။

မိနစ်ပိုင်းလေးအတွင်းမှာပဲ သူ့ရင်တွေဟာ ချက်ချင်းကို အတိုင်းအဆမရှိ ပူလောင်လာရသည်။

နောက်ထပ် ၁၅ မိနစ်လောက်အထိ ရတု မ ဆီကို ဘယ်လိုမှ ဖုန်းခေါ်လို့မရပါ။

"ဖေဖေ ဘာဖြစ်လို့လဲဟင် .... "

သားက သူ့ကို စိုးရိမ်နေသည့် မျက်နှာလေး ဖြင့် မေးလာတော့ ရတု ဘယ်လို ပြန်ဖြေလို့ ဖြေရမှန်းမသိပေ။ ထိုစဥ် စားပွဲပေါ်တင်ထားသည့် ဖုန်းက မြည်လာတာမို့ ရတု ချက်ချင်း ကောက်ကိုင်လိုက်တော့ မ ဆီမှ ဖြစ်နေသည်။

"ဟဲလို မ ..... "

"ဟဲလို အဲ့ဘက်က ဒီဖုန်းပိုင်ရှင်နဲ့ အသိလားရှင့် ..... အခု ဒီဖုန်းပိုင်ရှင်က car accident ကြောင့် (.....) ဆေးရုံကို ရောက်နေပါတယ် ..... ဖြစ်နိုင်ရင် အမြန်ဆုံး လာခဲ့ပေးပါရှင့် ...... "

🍓 The Fragrance Of Love 🍓Where stories live. Discover now