🍓 အပိုင်း 4 🍓

11.7K 509 11
                                    

The Fragrance of Love

🍓 Part - 4 🍓

"အဟွန်း မေမေ နောက်ထပ် ထပ်သိရင် ပိုလို့တောင် အံ့သြသွားဦးမယ်.... အဲ့ကလေးလေးက သားနဲ့ ရုပ်တင် တူတာမဟုတ်ဘူး နာမည်လဲ ဆင်တယ်.... ဆက်ရတု တဲ့ .... "

"ဘယ်လို "

ထိုအချိန်တွင် ကလေးတွေအားလုံး Birthday Song စဆိုနေကြပြီမို့ မေမေနဲ့ သူရဲ့ စကားစက ပြတ်သွားခဲ့ရသည်။

Birthday song ဆို၊ ကိတ်ခွဲပြီးတာနဲ့ ကောင်းကောင်းက သူ့သူငယ်ချင်းလေးတွေကို အရင်လိုက်ခွံ့ကျွေးသည်။

ထို့နောက် ကလေးတွေက ကိတ်မုန့်စားရင်းနဲ့ သူတို့လေးတွေဘာသူတို့ဆော့နေသလို လူကြီးတွေကလဲ စကားပြောနေကြသည်။

"ဦးဦးရေ... "

ထိုစဥ် ရတုရဲ့အနားသို့ ကောင်းကောင်းလက်ကိုဆွဲပြီး ဆက်ရတုလေး ရောက်လာသည်။

"လေးလေး .... ရတုက လေးလေးကို သိတယ်တဲ့ အဲ့တာဟုတ်လားဟင် "

ကောင်းကောင်းလေးက သိချင်စိတ်ဖြင့်အလောတကြီးမေးလာလျှင်ကလေး၂ယောက်ရှေ့မှာ ရတုဒူးထောက်ထိုင်ချလိုက်ပြီး ......

"ဟုတ်တယ်ကောင်းကောင်းရဲ့ .... ရတုရဲ့ မေမေက လေးလေးတို့ ရုံးမှာအလုပ်လုပ်တာလေ....အဲ့တာကြောင့် ရတုနဲ့လေးလေးကသိတာ......"

"ဒါဆို လေးလေးက ရတုရဲ့ မေမေကို ပြောပေးပါလားဟင် .... မူကြိုပိတ်ရက်ကျရင် သားက ရတုကို အိမ်ခေါ်ပြီးဆော့ချင်လို့ ....နော်.... ပြောပေးနော်လေးလေး.... "

"အဲ့လိုလုပ်လို့မဖြစ်ဘူး ကောင်းကောင်းရ.... မူကြိုပိတ်ရက်ကျရင် ငါ့မေမေက အိမ်အလုပ်တွေ အများကြီးလုပ်ရတယ် ...  ငါကလဲ မေမေ့ကို ၀ိုင်းကူလုပ်ပေးရတယ် ... မဟုတ်ရင် မေမေတစ်ယောက်ထဲ ပင်ပန်းသွားလိမ့်မယ် ကောင်းကောင်းရဲ့ ..... "

"အဲ့တာဆို ငါ့လေးလေးကို ကူလုပ်ခိုင်းလိုက်မယ်လေ.... လေးလေးက ရတုမေမေရဲ့ အိမ်အလုပ်တွေ ကူလုပ်ပေးလိုက်လေနော် .... သားက ရတုနဲ့ဆော့ချင်လို့
ပါ "

ကလေး၂ယောက်စကားကြောင့် လူကြီးတွေဆီမှ ရယ်သံတွေထွက်ပေါ်လာသလို
ရတု ကိုယ်တိုင်လဲ ရယ်လိုက်မိသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now