🍓 အပိုင်း 18 🍓

12.5K 481 11
                                    

The Fragrance of Love

🍓 အပိုင်း 18 🍓

ဘေးချင်းယှဥ်ထိုင်နေကြသည့် MD နဲ့ သားသားလေးကို ကြည့်ပြီး မိုးမိုးမှာ
ပြောစရာစကားများ ပျောက်ရှနေရသည်။

ဒီလိုကြည့်တော့မှ ၂ယောက်လုံးက တစ်ထေရာထဲကို ချွတ်စွတ်တူနေတော့တာပါလား။

"အဲ့ဒါဆို သားလေးက ပိုးသားနဲ့ MD ရဲ့ ကလေးပေါ့နော် .... အဲ့တာကြောင့် အခု ၂ယောက်က ပြန်တွဲနေကြတာလား
ဟင်.... "

မမိုးက ခြေဟန်လက်ဟန်နဲ့ မေးတော့ ပိုးသား ခေါင်းလေးအသာငြိမ့်လိုက်ရသည်။

"ဟုတ်ပါတယ် မမိုး .... မပြောဘဲနေနေသေးတာက သားအဖေက ရတု ...မဟုတ်သေးဘူး MD ဆိုတာကို ကုမ္ပဏီကလူတွေကို ဖွင့်ပြောဖို့ကျ ပိုးအတွက် အခက်အခဲ ဖြစ်နေသေးလို့ ဖုံးကွယ်ထားတာပါ....တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး .... "

သားလေးကတော့ လူကြီးတွေ စကား၀ိုင်းထဲ ဘာမှ၀င်မပါဘဲ သူ့အဖေ ဘေးနားမှာ ကပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေသည်။

"ဒါနဲ့ မမိုးက ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ..... "

"မမိုးက ဒီနားက အသိတစ်ယောက်ဆီလာရင်းနဲ့ ပိုးသားတို့လဲ ဒီလမ်းထဲမှာဆိုတာ သိတော့ ဖုန်းလှမ်းဆက်လိုက်တာ....
ပိုးသား ဖျားနေတယ်ဆိုတော့တစ်ခါထဲ သတင်းလာမေးလိုက်တာ MD....ဒီအိမ်ရောက်တော့ သားသားလေးကို မတွေ့တာနဲ့ မေးကြည့်တော့မှ ပိုးသားက MD နဲ့ အကြောင်းစုံကို ပြောပြတာပါ .... "

"အာ.... အဲ့လိုကို .... ကျွန်တော်ကတော့ ဖြစ်နိုင်ရင် အားလုံးကို အသိပေးလိုက်ချင်တာပါ .... ဒါပေမဲ့ အစ်မဘက်က ကြည့်တော့လဲ အခြေအနေတွေကို ရုတ်တရက်
လက်ခံလိုက်ရပြီး အဆင်သင့် မဖြစ်သေးတာဆိုတော့ ကျွန်တော်လဲ အစ်မသဘောအတိုင်း လက်ခံလိုက်တာပါ.... "

"ဘာပဲဖြစ်ဖြစ် MD နဲ့ ပိုးသားက ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်ပါတယ်..... ပိုးသားတို့ သားအမိဘ၀လေး အခုတော့ အေးချမ်းသွားရပြီပေါ့ ..... "

မမိုးက သူမလက်ကလေး ဆုပ်ကိုင်ပြီး ပြောလျှင် ရတုရော သူမရော ပြုံးလိုက်မိသည်။

လူကြီးတွေစကားပြောနေကြတာကို သားက ကြာတော့ ပျင်းလာသည်ထင်သည်။
သူ့ကိုယ်လုံးလေးကို ရတုကိုယ်ပေါ်စောင်းချလိုက်ပြီး ရတုမျက်နှာအား မော့ကြည့်ကာ ....

🍓 The Fragrance Of Love 🍓Where stories live. Discover now