🍓 အပိုင်း 15 🍓

11.9K 460 3
                                    

The Fragrance of Love

🍓 အပိုင်း 15 🍓

အစက ထိရုံလေးပဲ ဆိုပေမယ့် နောက်ပိုင်းမှာတော့ သူမနှုတ်ခမ်းပါးလေးရဲ့ အထိအတွေ့ကို ရတုမလွန်ဆန်နိုင်တော့ဘဲ သိပ်သည်းစွာနမ်းရှိုက်လိုက်မိသည်။

စစချင်း သူမဘက်က ရုန်းပေမယ့်လဲ
နောက်တော့ သူ့လည်တိုင်ကိုပင် သူမ
လက်ကလေးက ပြန်တွဲခိုလာကာ အနမ်းတွေကို ပြန်တုံ့ပြန်လာသည်။

ပတ်၀န်းကျင်ကိုလဲ သတိမထားမိဘဲ ၂ယောက်လုံး မွတ်မွတ်သိပ်သိပ် နမ်းရှိုက်နေကြရင်းနဲ့ အသက်ရှူရခက်လာသော အချိန်မှသာ နမ်းတာကို ရပ်တန့်လိုက်ကြသည်။

ရတု သူမမျက်နှာလေးကို အနီးကပ် တစိမ့်စိမ့်ကြည့်ရင်း မျက်နှာပေါ် ၀ဲကျလာသည့် ဆံနွယ်လေးကို သပ်တင်ပေးလိုက်ကာ နဖူးလေးကို ထပ်မံနမ်းရှိုက်လိုက်မိသည်။

"ချစ်တယ် အစ်မ .... "

သူ ချစ်တယ်ပြောလိုက်တော့ သူမမျက်နှာလေးက ပန်းနုသွေးရောင်သမ်းသွားပြီး ခေါင်းလေးက ငုံ့သွားသည်။

"MD သွားတော့လေ .... တော်ကြာ မမိုးရောက်လာလို့ တွေ့သွားရင် အကုန်အခက်တွေ့ကုန်လိမ့်မယ်... "

"အွန်းအဲ့တာဆို ကျွန်တော်ကားထဲမှာပဲ စောင့်နေမယ်နော် .... "

"ဟုတ် ..... "

မိုးမိုးတစ်ယောက် အေးဆေး ညစာစားပြီး ရုံးခန်းဆီသို့ ပြန်အတက်အလာ မြင်လိုက်ရသည့် မြင်ကွင်းက MD နဲ့ ပိုးသားတို့ အကြင်နာပေးနေကြသည့် မြင်ကွင်းဖြစ်လို့နေသည်။

သူမမှာ ရုတ်တရက်ကြောင်ပြီး ရပ်ကြည့်နေရာမှ MD ထလာတော့ ကမန်းကတန်းဖြင့် အကွယ်တစ်နေရာတွင် ပြေးပုန်းလိုက်ရသည်။

MD က သူမကို မမြင်ဘဲ ကျော်သွားလို့သာတော်တော့သည်။

ဘုရား.....ဘုရား သူမ ခုဏက
ဘာတွေများ မြင်လိုက်ရတာလဲ။

MD နဲ့ ပိုးသားက အကြင်နာတောင်ပေးနေကြတာဆိုတော့ တွဲနေကြတာများလား ..... ဘုရား ဘုရား ။

မိုးမိုး သူမရင်ဘတ်သူမပြန်ဖိရင်း ဘုရားတလိုက်ရသည်။

ပိုးသား သူ၀ယ်လာပေးသည့် ထမင်းဘူးလေးကို စားလို့ကုန်သွား၍ အမှိုက်ခြင်းထဲ သွားထည့်နေချိန် ရုံးခန်းထဲသို့ မမိုး တစ်ယောက် ပြန်၀င်လာသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now