🍓 အပိုင်း 3 🍓

12K 517 7
                                    

The Fragrance of Love

🍓 Part-3 🍓

"ဒီဦးဦးက ဘယ်သူလဲဟင် မေမေ"

မျက်နှာချင်းဆိုင်မှ ချစ်စရာကလေးလေးက အအေးဘူးလေး စုပ်သောက်ရင်းနဲ့ သူ့ကို တစ်ချက်တစ်ချက်ခိုးကြည့်ကာ
အမေဖြစ်သူအား မေးခွန်းထုတ်လာလျှင်
ရတု ပြုံးလိုက်မိသည်။

"ဦးဦးက သားမေမေရဲ့ ရုံးကပါ .... "

ကလေးက သူ့အမေကို မေးတာဆိုပေမယ့် ပြန်ဖြေလိုက်မိတာက ရတုဖြစ်နေသည်။

"ဒါဆို သားသားလေးရဲ့ မေမေနဲ့ သူငယ်ချင်းလားဟင် "

သူငယ်ချင်းလားဆိုသည့် ကလေးအပြောကြောင့် ရတု ရယ်လိုက်မိသလို ပိုးသားကလဲ သားကို မျက်နှာပူစွာဖြင့် ဟန့်တားလိုက်မိသည်။

"သားလေး... ဒီဦးဦးနဲ့ မေမေနဲ့က သူငယ်ချင်း မဟုတ်ဘူး သားရဲ့.... ဦးဦးက မေမေ့အထက်အရာရှိပါ "

"အထက်အရာရှိဆိုတာ ဘာကိုပြောတာလဲဟင် မေမေ "

သူ မကြားဖူးသည့် စကားလုံး အသစ်အဆန်းလေးတစ်လုံး ကြားလိုက်ရပြီဆိုတာနဲ့ သားက သိချင်လိုစိတ်ဖြင့်
အခုလိုမျိုး ဆက်တိုက်ကိုမေးတော့တာဖြစ်သည်။

"အထက်အရာရှိဆိုတာ မေမေ့ထက် ရာထူးကြီးတဲ့သူ့ကို ပြောတာ သားရဲ့ .... "

"သားသားလေးနဲ့ ကိုကိုဂျွန်နီလိုမျိုးလား မေမေ "

သားက အိမ်ဘေးနားက သူ့ထက် ၄နှစ်ကြီးပြီး အတန်းကြီးသည့် ဂျွန်နီလေးကို သွားသတိရပြီး ပြန်မေးသည်မို့ ပိုးသား ခေါင်းငြိမ့်လိုက်ရသည်။

"အွန်း သားသားနဲ့ ကိုကိုဂျွန်နီလိုမျိုးပဲ"

သားက သူသိချင်တာလေးကို သိသွားရပြီမို့ ခေါင်းလေးငြိမ့်ကာ ကျေနပ်ပြုံးလေးနဲ့ မစ်ရှိတ်လေးကို ပြန်ပြီးစုပ်သောက်နေသည်။

"သားလေးက ချစ်စရာလေးနော်.... နာမည်ဘယ်လိုခေါ်လဲ ဦးဦးကိုပြောပြပါလား .... "

"ဆက်ရတုပါ ဦးဦး "

ကလေးက သူ့မေးခွန်းကို သွက်သွက်လက်လက်လေးပြန်ဖြေလာပြီး ကြားလိုက်ရသည့်နာမည်လေးကြောင့် ရတု မျက်ခုံးပင့်သွားမိသည်။ ဆက်ရတု တဲ့လား။

🍓 The Fragrance Of Love 🍓Where stories live. Discover now