🍓 အပိုင်း 19 🍓

12.3K 454 5
                                    

The Fragrance of Love

🍓 အပိုင်း 19 🍓

ချွေးတွေနဲ့ မောဟိုက်စွာဖြင့် သူ့ ရင်ခွင်ထဲမှာ လဲလျောင်း အိပ်စက်နေသည့် သူမမျက်နှာလေးကို ရတု ချစ်မြတ်နိုးစွာဖြင့်
တစိမ့်စိမ့်ကြည့်နေမိသည်။

ထို့နောက် နားထင်နားမှာ ချွေးလေးတွေနဲ့ ကပ်နေတဲ့ ဆံပင်လေးတွေကို ဖွဖွလေး ဖယ်ပေးလိုက်ကာ နဖူးလေးကို နောက်တစ်ကြိမ် ထပ်ပြီးနမ်းရှိုက်လိုက်မိသည်။

ချစ်လိုက်တာ မ ရယ် .....

ကြည့်ရင်း ကြည့်ရင်းနဲ့ကို အသည်းယားလာမိ၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တော့ သူမလေးက အိပ်ပျော်နေရာမှ နိုးသွားသည်။

"Sorry နိုးသွားပြီလား ..... အဟွန်း မောင် အရမ်းတွေအသည်းယားလာလို့ ဖက်လိုက်မိတာ "

ခုဏ ချစ်ပွဲ၀င်တဲ့ အချိန်ထဲက သူ့ကိုယ်သူ တမောင်မောင်နဲ့ လုပ်နေတာမို့ ပိုးသားမျက်စောင်းလေး ၀င့်ထိုးလိုက်မိသည်။

"ဘယ်က မောင်လဲ .... ဘာ မောင် မှ မသိဘူး ... သွား...."

"ခင်ဗျားကို ဖက်ထားတဲ့ မောင်လေ .... အခုက စပြီး လင်မယားတွေ ဖြစ်သွားပြီဆိုတော့ မောင်လို့ ပြောင်းခေါ်တော့
မရတော့ဘူး ....."

"မခေါ်ချင်ပါဘူးနော် ရှက်စရာကြီး .... လွှတ်တော့ ... "

"ဟာ အရမ်းမရုန်းနဲ့လေ .... ဒီမှာ ပြုတ်ကျတော့မယ် .... "

Sofa ကျဥ်းကျဥ်းလေးပေါ်မှာ ၂ယောက်သား ပူးကပ်ပြီး အိပ်နေကြတာမို့ ပိုးသား ရုန်းလိုက်တာနဲ့ သူ့ဘက်က ပြုတ်ကျမလို ဖြစ်သွားပြီး ဘေးက စားပွဲခုံကို လှမ်းထိန်း လိုက်ရသည်။

"သားလေး တရေးနိုးလာလို့ အစ်မကို
မတွေ့ရင် ငိုလိမ့်မယ် ရတုရဲ့ ... လွှတ်တော့နော် .... "

"မောင်လို့ ခေါ်ရင် ကျွန်တော်ကိုယ်တိုင် မ ကို သားလေးဘေးနားကို ပွေ့ချီပြီး ခေါ်သွားပေးမယ်.... မခေါ်ရင်တော့ မနက် မိုးလင်းသွားမယ့် အချိန်ထိ လွှတ်ပေးမှာ မဟုတ်ဘူးနော်..... အဲ့တော့မှ သားနိုးလာလို့ ဒီလို ပုံစံမျိုးနဲ့ မြင်ရင် ရှက်စရာကြီး "

ပိုးသား လူကို အကြပ်ကိုင်နေသည့် သူ့ကို
မကျေမနပ်ဖြစ်ကာ ဆူပုတ်ပုတ်နဲ့ ကြည့်လိုက်မိတော့  သူ့မျက်နှာချောချော က ပိုးသားဆီ ပြိုကျလာကာ သူမမျက်နှာလေးအနှံ့အား ထပ်ပြီးနမ်းရှိုက်ပါတော့သည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now