🍓 အပိုင်း 22 🍓

11.5K 455 5
                                    

The Fragrance of Love

🍓 အပိုင်း 22 🍓

ရန်ကုန်မြို့ရဲ့ နာမည်ကြီးပြီး ခမ်းနားလှတဲ့စားသောက်ဆိုင်ကြီး တစ်ခုလုံးကို မောင်က အပြတ်ငှားထားသောကြောင့် အခု ဒီဆိုင်တွင် သူမတို့ Kaoမှ ၀န်ထမ်းများရယ် ဖိတ်ကြားထားတဲ့ သတင်းသမားတွေရယ်မှလွဲ၍ တခြားသူစိမ်းရှိမနေခဲ့ပါ။

မမိုးကလဲ သတင်းသမားတွေနဲ့ သူမတို့ပဲရှိနေသော ဆိုင်အခြေအနေကို ဝေ့ကြည့်ရင်း သူမလက်ကလေးကို တစ်ချက်ကုတ်ကာ အနားကပ်ပြီး တိုးတိုးလေးလာမေးသည်။

"ပိုးသား .... MD ဆီကနေ ဒီနေ့ရဲ့ ညစာစားပွဲအတွက် ဘာကြားထားသေးလဲ...."

"သူ ပိုးကို ဘာမှမပြောပြထားဘူး
မမိုး..... "

"ဟုတ်လား.....ဧကန အကြောင်းအရင်းအမှန်ကို ဖွင့်ပြောလိုက်တော့မို့လား မသိဘူးနော်..... "

မမိုးပြောတော့မှ ပိုးသား ထိုအကြောင်းကို တွေးမိပြီး လန့်သွားရသည်။ မောင့်ပုံစံကိုကြည့်ရတာ အမှန်တကယ်ပဲ မမိုးပြောသလို လုပ်မယ့်ပုံစံမျိုးရှိသည်။

ဘုရားရေ..... ကုမ္ပဏီက ရှိသမျှ ၀န်ထမ်းတွေကြားထဲမှာ မောင်သာ အဖြစ်မှန်ကို ထုတ်ပြောလိုက်ရင် ဘယ်လိုလုပ်ရမလဲ။

"ပိုးသားရေ..... ပိုးသား ဟိုမှာ ဥက္ကဌကြီး၀င်လာပြီ ..... "

မမိုးပြောလို့ ပိုးသား လှည့်​ကြည့်လိုက်တော့ သူမတို့ညစာစားပွဲသို့ ဥက္ကဌကြီးပါ ရောက်ချလာတာဖြစ်သည်။ ဘေးမှာ မောင့်မေမေလဲပါသည်။

မောင့်အဖေနဲ့အမေရယ် မောင်ရယ်က စားသောက်ဆိုင်ရဲ့ ခန်းမထဲကို ဖြည်းဖြည်းချင်းလျှောက်လှမ်းလာကာ ထိပ်ဆုံး၀ိုင်းနားရောက်တော့ မောင်နဲ့ မောင့်အမေက ၀င်ထိုင်လိုက်ကြပြီး ဥက္ကဌကြီးကတော့ မိန့်ခွန်းပြောဖို့ထင်သည်...စင်ပေါ်သို့တက်သွား၏။

"Kao မှ ၀န်ထမ်းအားလုံး မင်္ဂလာပါ....အားလုံးပဲ ဒီနေရာမှာ အန်ကယ်လ်ကို တွေ့လိုက်ရတော့ အံ့သြသွားကြမယ်ထင်ပါတယ်.... ဒါပေမဲ့ အန်ကယ်လ်အနေနဲ့ အခုတလော ကုမ္ပဏီမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေနဲ့ပတ်သက်ပြီး ဖြေရှင်းချင်တဲ့အတွက်ကြောင့် အခုလိုမျိုး အားလုံးကိုစုဝေးပြီး ကုမ္ပဏီညစာစားပွဲလေး လုပ်လိုက်ရခြင်း ဖြစ်ပါတယ်.....

🍓 The Fragrance Of Love 🍓Where stories live. Discover now