🍓 အပိုင်း 20 🍓

11.4K 480 8
                                    

The Fragrance of Love

🍓 အပိုင်း 20 🍓

"ဘယ်လို ....  သူတို့က အဲ့လိုလုပ်သွားတော့ ညနေ ကြော်ငြာရိုက်ကွင်းက ဘယ်လိုလုပ်မလဲ .... ဒီမှာက အကုန်စီစဥ်ပြီးသွားပြီလေ .... "

"....... "

"ကလေးပစ္စည်း​ကြော်ငြာတာလေ .... ကလေး မပါဘဲနဲ့ မင်းသမီးတစ်ယောက်ထဲ ရိုက်လို့ရမလားဗျ ..... ဒီကိစ္စကို ခင်ဗျား အစအဆုံး တာ၀န်ခံထားတာနော် ကိုမြင့်ကျော်.... အဲ့ဒီကလေးသရုပ်ဆောင်ကိုလဲ ခင်ဗျားပဲ အာမခံခဲ့လို့ ကျွန်တော်လက်ခံခဲ့တာ..... အခုမှ မရိုက်နိုင်တော့ပါဘူးဆိုပြီး ငြင်းတော့ ကျွန်တော်တို့ဒီဘက်မှာက အကုန်စီစဥ်ထားပြီးသားတွေဖြစ်နေပြီလေ.....ဒီကိစ္စက စာချုပ်ငွေကို ပြန်လျော်ပေးရုံနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးနော် ကိုမြင့်ကျော်....."

"........"

"ကျစ်.... ခင်ဗျားကို ကျွန်တော် နားလည်အောင် ဘယ်လိုပြောပြရမလဲ ကိုမြင့်ကျော် ...  အဲ့ဒီစာချုပ်လျော်ကြေးငွေမဖြစ်စလောက်လေးကို ကျွန်တော် စကားထဲ ထည့်မပြောနေဘူး .... သူတို့ အဆင်မပြေဘူးဆိုလဲ အစထဲက အဆင်မပြေဘူး ပြောပါလား..... အချိန်အရမ်းကပ်နေမှ ပြောတော့ ဒီဘက်ကလူတွေရဲ့ အချိန်တွေ၊ အားစိုက်ထုတ်မှုတွေက အကုန် အလဟသတ်ဖြစ်သွားရမှာလေ....."

"........."

"မရဘူး .... အဲ့တစ်ယောက် အဆင်မပြေရင် တခြား ၃နှစ်အရွယ် ကလေးသရုပ်ဆောင်တစ်ယောက်ကို အချိန်မှီ ကျွန်တော် အမြန်ဆုံးလိုချင်တယ်.... product စဖြန့်ချိတဲ့ အချိန်နဲ့ ကြော်ငြာ ကို တစ်ချိန်ထဲ ဖြစ်စေချင်လွန်းလို့ ကျွန်တော်ဒီလောက်ထိ အားစိုက်ထားရတာ ..... ဒီညနေ အဲ့ဒီကြော်ငြာကို မရရအောင် ရိုက်မှကို ဖြစ်မှာ...."

"........"

"အဲ့တာတွေ ကျွန်တော် စိတ်မ၀င်စားဘူးလေ .... ကျွန်တော့်ကို အဲ့ဒီကလေးmodel က အကောင်းဆုံး နာမည်အကြီးဆုံးပါ ကြော်ငြာရိုက်ဖို့ အသင့်တော်ဆုံးပါ ဆိုပြီး ခင်ဗျားပဲ အကြံပေးခဲ့တာလေ....

သူတို့ဒီလို စာချုပ်ကို လွယ်လွယ်နဲ့ ဖျက်သွားတာ ကျွန်တော် လုံး၀ သည်းမခံနိုင်ဘူး.... ကလေး model တစ်ယောက်ရှာပြီး ရအောင်ကို ရိုက်မှာ ..... ခင်ဗျား အခုလို ကျွန်တော့်ကို ဆင်ခြေဆင်လက်တွေ ပေးနေမယ့်အစား အခုချက်ချင်း ကလေး model တစ်ယောက်ကို လိုက်ရှာတာ အဆင်ပြေလိမ့်မယ်နော်..... "

🍓 The Fragrance Of Love 🍓Where stories live. Discover now